120

357 71 1
                                    

 073

    ဘယ်လိုလုပ် အဆင်ပြေမှာလဲ ....

  စူးယီမော့က မျက်နှာက အေးစက်ပေမဲ့ နှလုံးသားက ပူနွေးသူပါ အပေါ်ယံကြည့်ရင်တော့ မာနကြီးကာ ဘေးလူတွေမကပ်နဲ့ ဆိုတဲ့ပုံဆိုပေမဲ့ ဘယ်အချိန်ပဲဖြစ်ဖြစ် ရင်ထဲကနေ အပြည့်အဝကူညီတတ်သူပါ ။ ဘေးလူတွေ မမြင်နိုင်တာပဲရှိပါတယ် ။

  လှိုက်လဲဖော်ရွေတတ်မှုတဝက်ကျော်ကျော်က လူလိမ်လေးရဲ့ ထွက်ခွာခြင်းကြောင့် ငယ်ရွယ်စဉ်မှာကတည်းက မြုပ်နှံခဲ့ပေမဲ့ ကျင်ချိုးဟန်အပေါ်ထားရှိတဲ့ ခံစားချက်ကလည်း လူလိမ်လေးထံကနေ ပေးထားတာပါ , ဒါပေမဲ့ ....သူကလည်း ကိုယ့်နဲ့အတူ ခက်ခဲတဲ့နေ့ရက်တွေ ကျော်ဖြတ်ပေးခဲ့တယ်လေ ။

  ဘာမှမဖြစ်ဘူးလို့ ပြောရင် လိမ်တာပဲပေါ့ ။

  စူးယီမော့ ဘာမှဆက်မပြောပဲ မျက်လုံးကိုမှိတ်လိုက်တယ် ။

  လျန်ဖုံးကေားလည်း ထပ်မမေးတော့ပဲ ကားကိုသာအာရုံစိုက်မောင်းတော့တယ်၊ ဒါပေမဲ့ နောက်ကြည့်မှန်ကနေတော့ စူးယီမော့ကို မနေနိုင်ပဲ ကြည့်လိုက်မိသေးတယ် ။

  စူးယီမော့ စိတ်ထဲမှာ နေရခက်နေတယ် ၊ နှစ်တွေ ဒီလောက်ကြာခဲ့ပြီး သူ့အပေါ် အကျိုးအမြတ်မကြည့်ပဲ ပင်ကိုယ်အတိုင်း မလိမ်ညာပဲ ဆက်ဆံတတ်သူက သူ့ဘေးကနေ ထွက်ခွာသွားပြီဖြစ်တဲ့ ' လူလိမ်လေး' သာ ရှိတယ်.....

  " လူ့စိတ်က ....ပြောင်းလဲတတ်တာလား ? "

  အတော်ကြာမှ စူးယီမော့ တိုးတိုးလေး မေးထွက်လာတယ် ။ မေးတယ်သာ ပြောတယ် ၊ ကိုယ့်ကို ကိုယ် ရေရွတ်နေတာနဲ့ ပိုတူတယ် ။

  လျန်ဖုံးကေားက ' လူ့စိတ် ' ဆိုတာကို စူးယီမော့ကြုံ​တွေ့ခဲ့တာ​တွေထက် မနည်းပေမဲ့လည်း စူးယီမော့ရဲ့ အမေးကို ကြားချိန်မှာ သူနှုတ်ခမ်းထောင့်လေးကို ကွေးကာ ပြုံးပြပြီး နှစ်သိမ့်သယောင်ဖြင့်

   " ဒါပေါ့ ၊ လူ့စိတ်က မပြောင်းလဲတတ်ရင် သေလူနဲ့ ဘယ်ကွာခြားတော့မလဲ ? မတူညီတဲ့မိသားစုပတ်ဝန်းကျင်နဲ့ မတူညီတဲ့ကြီးပြင်းကာလက လူကို ပြောင်းလဲစေတယ်လေ ၊ ပင်ကိုယ်စိတ်သာ မပြောင်းရင် တခြားအရာတွေ ပြောင်းရင် ပြောင်းပါစေလေ ၊ ဘာထူးဆန်းစရာရှိလို့လဲ ။ လူတိုင်းက ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်ပဲလေ ၊ မတူတဲ့လူတွေက ကိစ္စတခုကိုစဉ်းစားတာ ပုံစံမတူတော့ လုပ်ရပ်နဲ့ ဆုံးဖြတ်ကလည်း မတူနိုင်ဘူးလေ ၊ ဒါမှသာ လူအမျိုးမျိုးအထွေထွေရှိနေတာပေါ့ ! ဒါမှ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာလေ "
  
        " မင်းစဉ်းစားပုံက ထူးခြားသားပဲ "

လူစားထိုးWhere stories live. Discover now