075

537 94 13
                                    

 028

     ကားရဲ့ အင်ဂျင်သံထွက်ပေါ်လာတာနဲ့ လျန်ဖုံးကေားက ဒုတိယထပ်ကနေ စူးယီမော့ Villaကနေ ထွက်ခွာသွားတာကို ကြည့်နေတယ် ၊ ဘာကိစ္စမှလည်း လုပ်စရာမရှိတာမို့ စန္ဒရားထိုင်ခုံပေါ်ထိုင်ပြီး သံစဉ်တွေကို စိတ်ကြိုက် တီးခပ်နေတော့တယ် ။

  အာရုံစူးစိုက်မှုမရှိတဲ့ မျက်ဝန်းတွေက အခုချိန်မှာတော့ ပြန်လည်တွေးတောခံစားနေသယောင်ယောင် ။

  ဘာလို့ လူစားထိုး... လုပ်တာလဲ ?

  အကယ်၍ ရမယ်ဆိုရင် ဘယ်သူက သာမန်လူတဦးမလုပ်ချင်ပဲ နေပါ့မလား ? ပြောရရင် ၊ သူ့‌မွေးဖွားရာနောက်ခံက မကောင်းတာတော့မဟုတ်ဘူး ၊ အကယ်၍ လွတ်လပ်ပေါ့ပါးတဲ့သခင် လုပ်ချင်ရင် မရတာတော့မဟုတ်ဘူး ။

  ဒါပေမဲ့ လောကဓမ္မတာအတိုင်း အရာရာတိုင်းက စီစဉ်ထားသလို ကိုယ်ရှင်သန်ချင်သလို ရှင်သန်လို့ရတာ မဟုတ်ဘူး​လေ။

  လျန်ဖုံးကေားရဲ့ အတွေးက ဟို အရင့်အရင်တုန်းကို ပြန်ရောက်သွားတယ် ။

  သူ့ရဲ့ မျိုးရိုးက အ​မေ့မျိုးရိုးကိုယူထားတာဖြစ်တယ် ၊ လျန်အိမ်က ဂုဏ်သတင်းမွှေးတဲ့ အိမ်ထောင်စုဖြစ်တယ် ၊ အဖိုးက Gပြည်နယ်ရဲ့ ရာထူးကြီးသူတဦးဖြစ်ပြီး အမေဖက်က ဦးလေးနှစ်ယောက်ကလည်း တပ်ကအရာရှိနှစ်ဦးဖြစ်တယ် ၊ အိမ်က ပြည့်စုံတာမို့ အငယ်ဆုံးဖြစ်တဲ့ အမေက တအိမ်လုံးရဲ့ ချစ်ခြင်းကို ခံရပြီး မြေးဖြစ်တဲ့သူပါ လျန်အိမ်မှာ အချစ်ခံရတယ် မွေးစတုန်းကဆို အဖိုးက ချစ်လိုက်တုန်နေတာမို့ တခါတည်း ရာဇသံပေးတယ် လျန်မျိုးပဲဖြစ်ရမယ် !

  လျန်ဖုံးကေားရဲ့ အဖေကတော့ မိန်းမဘက်ကို လိုက်နေရတာမို့ အဘိုးရဲ့ ဒီဆုံးဖြတ်ချက်ကို မကန့်ကွက်ဘူးလေ ။

  ဒါနဲ့ပဲ လျန်ဖုံးကေားက ငယ်ကတည်းက လျန်အိမ်မှာကြီးပြီး အဖိုးနဲ့ ဦးလေးတို့နဲ့ နေပြီး အတိုက်အခိုက်ပညာတွေအများကြီးသင်ယူခဲ့ရတယ် ၊ အမေလည်း ခေတ်မှီယဉ်ကျေးတဲ့သူဌေးသမီးမို့ သူ့ကို စန္ဒရား ၊ အက ၊ စတဲ့ အသိုင်းအဝိုင်းထဲ ဝင်ဆန့်တဲ့ပညာရပ်တွေကို တခုမကျန်အကုန်သင်ပေးလေတယ် ။

လူစားထိုးWhere stories live. Discover now