106

385 64 1
                                    


  059

         လျန်ဖုံးကေားက  ကွန်ပျုတာအသစ်ဝယ်လာတာနဲ့ အင်တာနက်လည်းချိတ်ပြီးရော ချိန်ရှီးလန်ကို လျှော်ကြေးငွေ ပြန်ပေးချင်တယ် ။
  
    ယွမ်သိန်းခြောက်ရာ ဆိုတာ နည်းတဲ့ကိန်းဂဏန်းမှ မဟုတ်တာလေ၊ အားရှီးက မကြာခင်မှာ လော့လော့နဲ့ မင်္ဂလာဆောင်ရဦးမှာ ၊ အိမ်ပိုင်ဆိုင်မှုတွေလုပ်ရမယ် ၊ အိမ်အတွင်းပိုင်း ဖြည့်ရမယ် ၊ မင်္ဂလာပွဲစီစဉ်ရမယ်လေ ၊ သူငယ်ချင်းက သူငယ်ချင်းလေ ၊ သူများရဲ့ ပိုက်ဆံ အလကားသုံးလို့မရဘူးလေ ။ 

  စာရင်းငွေအကောင့်ထဲ ဝင်ကြည့်လိုက်တဲ့အချိန်မှ တွေ့လိုက်တာက ကိုယ့်ရဲ့ အကောင့်က ငွေအဝင် ယွမ်သိန်းသုံးရာ ထပ်ရှိနေပြန်တယ်လေ !

  ကွန်ပျုတာမျက်နှာပြင်ကို စိုက်ကြည့်နေတဲ့ မျက်လုံးက အံ့အားသင့်ခြင်းတွေနဲ့ ၊  ဆေးရုံမှာ စူးယီမော့ ကိုယ့်ကို ပြောသွားတဲ့ စကားကို သတိရလိုက်တယ် --- အကယ်၍ သက်သာရင် လူစားထိုးလုပ်မယ်ဆို သူ့ရဲ့ အပ်နှံမှုကို ဆက်လက်ခံစေချင်ပါတယ်တဲ့ ---ဒါဆို , ဒီပိုက်ဆံတွေက စူးယီမော့ ပြန်ထည့်လာတာပေါ့ ။

  ချိန်ရှီးလန်ရဲ့ အကောင့်ကို မသိလို့နေမှာပါ ဒါ့ကြောင့် ပိုက်ဆံကို ကိုယ့်အကောင့်ထဲ ပြန်ထည့်လာတာပေါ့ ။

 လျန်ဖုံးကေားက ခေါင်းတွေရှုပ်စွာ မောက်စ့်ကို ရွှေ့လိုက်တယ် အရင်ဆုံး ချိန်ရှီးလန်ကို ပိုက်ဆံအရင်လွှဲပေးလိုက်ပြီး ငွေစာရင်းပေါ်က နံပါတ်တွေရဲ့ အနောက်ကသုညတွေကို ကြည့်ပြီး ငိုင်နေရှာတယ် ။

  ဘယ်လိုလုပ်ရမလဲကွာ ?

  " လျန်ရှောင်ဖုန်း ၊ အမြန်လာကူညီပါ ၊ ငါ မနိုင်တော့ဘူး ! "
   အရိပ်မဲ့ရဲ့ အသံက စားပွဲပေါ်က ရွှေအနားကွပ်မျက်မှန်ကနေ ထွက်လာခဲ့တယ် ၊ အခုတလော ဆက်သွယ်ရလွယ်ကူအောင်လို့ ချိန်ရှီးလန်က ဒီလိုစကားပြောစက်ကို တီထွင်ထားတယ်လေ ၊ လွတ်လပ်စွာ စကားပြောလို့ရတာပေါ့ ၊ ပြီးတော့ နောက်ယောင်ခံစနစ်ပါ ပါသေးတယ် ၊ အကယ်၍ တခုခုဆို ဒီမျက်မှန်နဲ့ အချင်းချင်း ရှာတွေ့နိုင်တယ်လေ ။

လူစားထိုးWhere stories live. Discover now