055

387 75 2
                                    


  008

       အရှေ့ကို ပြန်ပြောရမယ်ဆိုရင် လျန်ဖုံးကေား အပြင်ထွက်လိုက်တာနဲ့ သူညာခဲ့တဲ့ စူးယီမော့ရဲ့လက်အောက်တွေက သူ့ကို တဖြည်းဖြည်း ဝိုင်းလာတာ တွေ့လိုက်တယ်၊ သူ့ကို ကောင်းကောင်းဆုံးမချင်ပုံပဲ ။

  လျန်ဖုံးကေား မျက်တောင်ခတ်လိုက်ရင်း နူတ်ခမ်းထောင့်ကွေးကာ စိတ်မပါလက်မပါ အပြုံးထုတ်ပြပြီး လက်ညိုးထောင်ကာ ထိုလူတွေကို 'ရှူး'လို့ လုပ်ပြလိုက်တယ် ၊ စမတ်ကျကျနဲ့ပေါ့ ။

  ထိုလူတွေ ခဏကြောင်သွားချိန် လျန်ဖုံးကေားက လက်ညိုးကို ရှေ့ဆန့်ထုတ်လိုက်ကာ သူ့တို့ကို ကွေးပြလိုက်ပြတယ် ၊ သဘောက စိတ်ကြိုက်တက်ပေါ့ ။

  ဒီလိုလုပ်ပြချက်ကြောင့် စိတ်ဆိုးသွားတဲ့ သူတွေ လက်ဘယ်ပျော့ပါ့မလဲ ၊ ဝိုင်းဝင်ကြတော့တယ် ....

  လျန်ဖုံးကေားက အသာလေးနဲ့ စူးယီးမော့ရဲ့ ပြဿနာလာရှာတဲ့လက်အောက်တွေကို ဖြေရှင်းလိုက်တယ် ဘယ်လောက်အသံမှ မထွက်ပဲ ထိုသူတွေကို လှဲချလိုက်ကာ သတိလက်လွတ်ဖြစ်သွားစေတယ် ။

  လျန်ဖုန်းကေားက သခင်ကြီးပမာ နောက်ဆုံးသတိရှိနေသေးတဲ့ လူကောင်ကြီးကြီးရဲ့ ပုခုံးပေါ်နင်းထားလိုက်ကာ ဟန်ပန်အပြည့်ဖြင့် အင်္ကျီလက်မောင်းစကို ခါနေတယ် ဖုန်ခါနေသလိုပေါ့ ဒီလူကောင်ကြီးကလည်း အခြေအနေအချိန်အခါ သိတယ်လေ တုံကနဲ ကိုယ်ခေါင်းနဲ့ ကြမ်းပြင်နဲ့ တိုက်ချလိုက်ကာ ကိုယ့်ကို မေ့သွားအောင် လုပ်လိုက်တယ် ။

  လျန်ဖုံးကေား တချက်လောက်သန်းဝေလိုက်ပြီး ခြေထောက်ကို သိမ်းလိုက်တယ် ပျင်းရိရိဖြင့် နံရံကို မှီလိုက်ပြီး လက်ပိုက်ကာ ဆိတ်‌အကောင်ရေ ရေနေတယ် _--- နှေးလိုက်တာ !

  အချိန်ခဏထပ်ကြာပြီးမှသာ စူးယီမော့က တံခါးဖွင့်ကာ ထွက်လာတယ် ။

  လျန်ဖုံးကေား ကမတ်မတ်ရပ်လိုက်ပြီး အရင်ဆုံး တိုက်ကွက်ဆင်ဖို့ စလိုက်တယ် ၊ အရှေ့သို့ တချက်လွှဲကန်လိုက်တယ် ။

လူစားထိုးWhere stories live. Discover now