124

470 87 10
                                    

 077

  ဟမ် ? ဟာ !

      လျန်ဖုံးကေား အံ့အားသင့်စွာ စူးယီမော့ကို ကြည့်မိသွားတယ် ၊ အစကတော့ မျက်စိရှေ့က အားမော့က ငယ်တုန်းက အားမော့လားဆိုပြီး လန့်ဖြန့်နေတုန်း စူးယီမော့ မေးလာတဲ့ စကားကြောင့် ကြောင်သွားမိတယ် ---ဘာကို မင်း 'မသေဘူး'လဲ ?

 သူအစကတည်းက အကောင်းပဲလေ ၊ စူးယီမော့က သူသေပြီလို့ ထင်နေခဲ့တာလား ?

  အမလေး ---သူ့ကို အကောင်းဘက်‌လေး စဉ်းစားပေးပါလား ။

  စူးယီမော့ကတော့ လျန်ဖုံးကေားလို ပေါ့ပေါ့ပါးပါးလွတ်လပ်မဖြစ်နေဘူး ၊ ဘယ်လိုပြောရမယ်မှန်းမသိတဲ့ ခံစားချက်တွေ ၊ ဆုံးရှုံးသွားတဲ့အရာ ပြန်ရရှိလိုက်တဲ့ ခံစားချက် ၊ အပြစ်တင်ချင်သလိုလို ခံစားချက် နဲ့ အမုန်းလေးပါ ပါနေသလိုလို --- မသေဘူးဆို ဘာလို့ သူ့ကို ပြန်လာမရှာရတာလဲ ? သူ့မှာ အတော်ကြာကို ဝမ်းနည်းခဲ့ရတာ ၊ သူ့ရဲ့ မူလအကျင့်တွေတောင် ပြောင်းပြန်လှန်‌လိုက်သလိုဖြစ်သွားတယ်လေ !

  " လူလိမ်လေး....လူလိမ်လေး ....မင်းက တကယ့်ကို လူလိမ်ပဲ ! ငယ်တုန်းကလည်း ငါ့ကို လိမ်တယ် ! ကြီးလာလည်း ငါ့ကို လိမ်တုန်းပဲ ! မင်းမသေရင် ဘာလို့ ငါ့ကိုလာမရှာတာလဲ ?! ငါဘယ်လောက် နာကျင်ရလဲ မင်းသိရဲ့လား ! "
 
      နာကျင်နေတဲ့စကားလုံးတွေ၊ မျက်မှောင်ကြုတ်ထားသော မျက်ခုံး ၊ လျန်ဖုံး​ကောရဲ့ ပုခုံးကို ဆုပ်ကိုင်ထား​သောလက်နှစ်ဖက်ရဲ့ ပိုပိုအားပါညှစ်အား​တွေဖြင့် စူးယီ​မော့တ‌ယောက် မပေါက်ကွဲထွက်လျှင်ကို ရူးတော့မည်ဟုထင်မိတယ် ။

  အော်ပြီးနောက်တွင်ကို လျန်ဖုံးကေားက အငိုင်လိုက်ပဲရှိနေသေးတာကြောင့် စူးယီမော့ စိတ်ဆိုးဆိုးဖြင့် သူ့မျက်နှာကို သွားညှစ်ပြီး 

    " မင်းငါ့ကို မေ့သွားပြီလို့  မပြောနဲ့နော် ! "

  စူးယီ‌မော့ ဒီလိုစိတ်ဆိုးမာန်ဆိုးဖြစ်နေတာတွေ့တော့ လျန်ဖုံးကေား စနောက်ချင်လာကာ ခေါင်းလေးအသာစောင်းပြီး ဇဝေဇ‌ဝါပုံဖြင့်
   " မင်းက ဘယ်သူလဲ ? "

လူစားထိုးWhere stories live. Discover now