117

373 60 5
                                    

  070

     စူးယီမော့ တခဏအတွင်း မလုံမလဲဖြစ်ခြင်းတွေ ခံစားမိလိုက်တယ် ၊ အထူးသဖြင့် လျန်‌ဖုံးကေားရဲ့ တောက်ပစွာပြုံးနေတဲ့ မျက်နှာနဲ့ မျက်နှာချင်းဆိုင်ရချိန်ပေါ့ ၊ သူ့ရဲ့ ကြည်‌လင်နေတဲ့အကြည့်က ကိုယ့်ကိုဖောက်ထွက်သွားတော့မလိုပဲ ၊ နေရကြပ်တယ် ။

  သူ ဘယ်လိုလုပ် ဒီမှာ ရှိနေတာလဲ ?

  ဟိုဘက်က ကျင်ချိုးဟန်ကလည်း လျန်ဖုံးကေား ရုတ်တရက်ထွက်ပေါ်လာတာကိုကြည့်ပြီး ကြောင်သွားပြီးတာနဲ့ ချက်ချင်းမျက်လုံးကလဲ့ကနဲဖြစ်သွားကာ စိတ်ထဲက နားမလည်ခြင်းတွေနဲ့ မနာလိုမုန်းထားခြင်းတွေပါ ဖိချလိုက်ရတယ် ။

  ကျင်ချိုးဟန်မျက်လုံးထဲက ဖြတ်ကနဲပြေးသွားတဲ့ အလင်းကို လျန်ဖုံးကေား မမြင်ပဲ ဘယ်နေပါ့မလဲ ၊ ဒါပေမဲ့ ဂရုစိုက်ရပျင်းတယ်လေ ။ လက်ပိုက်ပြီးကိုယ်ကိုစောင်းကာ စူးယီမော့ဘက်သာလှည့်လိုက်ပြီး ခပ်လှောင်လှောင်ပြောလေတယ်
  " စူးသူဌေး ချစ်သူလေးနဲ့ ချိန်းတွေ့နေတာလား ? အတော် ရိုမန်တစ်ဆန်တာပဲ ! "

  " မင်း ဒီမှာ ဘာလုပ်နေတာလဲ ? "
စူးယီမော့က လျန်ဖုံးကေားကို အထက်အောက်တချက်ကြည့်လိုက်တယ် ၊ အလုပ်ဝတ်စုံမဝတ်ထားဘူး ဒီနေရာ စားပွဲထိုးတော့ ဟုတ်ဟန်မတူဘူး ၊ ဒါဆို တိုက်တိုက်ဆိုင်ဆိုင် ဆုံတာများလား ?
  
     သူ ကိုယ့်ကို လာနှုတ်ဆက်သေးတာပဲ ....အစကသူကိုယ့်ကို မတွေ့ချင်တော့ဘူးလို့ ထင်ထားတာလေ ။

  " အုင် ....ငါ လာတာက မင်းတို့ကို ပြောပြချင်လို့ အပြင်မှာ သတင်းထောက်တွေ တပုံကြီး တခန်းပြီးတခန်း super star ကို လိုက်ရှာနေပါတယ်ဗျာ "
လျန်ဖုန်းကေား ပြောရင်း ကျင်ချိုးဟန်ကို တချက်ကြည့်လိုက်ပြီး စူးယီမော့ဘက်ကို နှမြောသတစွာ ပြောတော့တယ်
  " မင်းတို့ ဒီထမင်း တနပ်တော့ မစားရလောက်တော့ဘူး"

  ဒီစကားထွက်လာတာနဲ့ စူးယီမော့ မျက်မှောင်ကြုတ်မိလိုက်တယ် ၊ ကျင်ချိူးဟန်ကတော့ မျက်နှာရုတ်တရက်ပျက်သွားကာ အံတချက်ကြိတ်ပြီး ပြောတယ်
   " ငါနဲ့ အားမော့လာတဲ့အချိန်တုန်းက အရမ်းသတိထားတယ် ၊ သတင်းထောက်တွေ လိုက်လာတာ မတွေ့ပါဘူး ၊ ငါတို့ ဒီမှာဆိုတာ သူတို့ ဘယ်လိုသိကြတာလဲ ? "

လူစားထိုးWhere stories live. Discover now