110 , bro love

426 60 2
                                    

  063

     အန်းချန် ပြန်မဖြေဘူး ၊ အတွေးကတော့ ငယ်စဉ်ဘဝကို ပြန်ရောက်သွားလေတယ် ။

  အဲ့ဒီအချိန် အန်းချန်လည်း လေးနှစ်ကျော်ရုံရှိသေးတယ် အန်းမုက ဆယ်နှစ်ရှိပြီလေ ၊ အလည်ကြိုက်တဲ့အရွယ်လေ ရွယ်တူတွေနဲ့အတူချိန်းပြီး မြစ်ဘေးမှာ ငါးမျှားရင်မျှား သဲသောင်မှာ ဂဏန်းဖမ်းရင်ဖမ်း ၊ မဟုတ်ရင် စက်ဘီးလျှောက်ပတ်စီးတယ် ၊ ဒါမှမဟုတ်ရင် သူငယ်ချင်းတချို့နဲ့ ဘောလုံးကန်တယ်လေ.....ပြောရရင် ဘေးကနေ ကောင်ကလေး ကပ်နေရင် အလွန်ရှုပ်တယ်လေ ၊ တခါတခါ မျက်နှာငယ်နဲ့ သူ့ကို ကိုကိုလို့ ခေါ်သေးတယ် ။

  ငယ်တုန်းက အန်းမုက နွေးထွေးပေမဲ့ အခုလိုတော့ စိတ်မရှည်ဘူးလေ ၊ ဆယ်နှစ်ကျော်ကလေးတွေကလည်း ဇွတ်တရွတ်လေးတွေ သူက အန်းချန်ကို မနှစ်သက်တာတော့ မဟုတ်ဘူး သူတို့ဆယ်နှစ်သား အကြီးတွေက တရွယ်တည်း စုကစားလို့ရတယ်လေ ၊ အန်းချန်ကလည်း သူ့နဲ့အရွယ်တူ ကစားရမှာမလား ။

  ဒါပေမဲ့ ဒီ ပုတုနုလေးက သူ့ကိုပဲ ရှူပ်ချင်တာလေ ။

  အန်းချန် ငယ်တုန်းက အန်းမုက သူ့အတွက် နို့မှုန့်ဖျော်ကာ ကိုယ်တိုင်ခွံ့ကျွေးတိုက်ခဲ့တာကြောင့် အန်းချန်က သူ့အပေါ်မှာ မှီခိုလိုခြင်းတွေရှိတာဖြစ်တယ် ၊ ပြုံးလိုက်ရင် အလွန်နွေးထွေးတဲ့ အကိုကို နှစ်သက်တယ်လေ ။

  တခါတလေ အန်းမုလည်း အန်းချန်ကို ထားခဲ့ချင်တာကြောင့် အပြင်ထွက်တဲ့အချိန် တိတ်တိတ်လေးထွက်တတ်ပြီး တခါတလေ အန်းချန်ကို မုန့်သွားဝယ်မယ် အမြန်ပြန်လာမယ်၊ အိမ်မှာစောင့်နေဖို့ ချော့ခဲ့တယ် ။

  အစကတော့ အန်းချန်လိမ္မာစွာ စကားနားထောင်သော်လည်း အကြိမ်ရေများလာတော့ အန်းချန် သူ့စကား နားမထောင်တော့ဘူး အပြင်ထွက်တိုင်း အနောက်ကနေ အတင်းကို လိုက်ကပ်နေတော့တယ် ။

 တခေါက်က အန်းမုနောက် အန်းချန် လိုက်မမှီတော့ချိန်က ခွေးတကောင်နဲ့တိုးလေတယ် ၊ ခွေးက အန်းချန်ကို ဟောင်လိုက်ချိန် အန်းချန်လေးမှာ ကြောက်ပြီး သုတ်ခြေသင်ကာ ပြေးတော့တယ် ၊ ပြေးရင်း ငိုရင်း ကိုကိုလို့ အော်နေတော့တယ် ။

လူစားထိုးWhere stories live. Discover now