030

471 90 2
                                    

  030

       သတင်းစာရှင်းလင်းပွဲက ကင်မရာမီးတဖျပ်ဖျပ်များအောက်တွင် ပြီးဆုံးခဲ့သည် ။
  
     စူးယီမော့ အရင်ဆုံးရပ်လာကာ လျန်ဖုံးကေားဘေးကို သွားပြီး သူ့ကို ထူလိုက်တယ် ဒီလို လုပ်ပေးမှုက ပရိသတ် လေချွန်သံနဲ့ လက်ခုပ်သံများကို ရလိုက်စေတာပေါ့

  လျန်ဖုံးကေားက ပရိသတ်ဘက်ကို အနမ်းပျံလေးပေးလိုက်တော့ အသံတွေ ပိုကျယ်လောင်သွားကြတယ်။

  စူးယီမော့ မျက်နှာထားပြောင်းသွားကာ သူ့ကို ဆွဲပြီး ခြေလှမ်းသွက်သွက်ဖြင့် ခန်းမအပြင်ဘက်ရဲ့ VIP ဓါတ်လှေကားဘက်ကို သွားလိုက်တော့တယ် ။

  ဒီလို မျက်နှာထားကလည်း မလွန်ဘူးလေ --- ကျင်ချိုးဟန်က ပရိတ်သတ်တွေကို အနမ်းပျံပေးလိုက်တာကြောင်း သခင်လေးစူး အချဉ်အိုးပေါက်သွားတယ်လို့ အားလုံးက ထင်ကြတယ်လေ ဒါနဲ့ပဲ အားလုံးက  ပြုံးမိသွားကြလေတော့တယ် ။

 စူးယီမော့နဲ့အတူ ဓါတ်လှေကားထဲ ဝင်သွားပြီး လျန်ဖုန်းကေား က မှန်ထဲက ကိုယ့်ကိုကိုယ် ပြုံးပြလိုက်တယ် ။

  စူးယီမော့က သူ့ကို ဓါတ်လှေကားထောင့်ထဲထိ ဆွဲသွားပြီး လက်နှစ်ဖက်ဆန့်ကာ သူ့ကို ဝှိုက်ဖက်လိုက်ကာ ရုတ်တရက် လူချင်းကပ်သွားပြီး ရှူသွင်းရှူထုတ်လုပ်‌နေတဲ့လေတွေက နားရွက်ဘေးမှာ ရောက်နေတယ် အသံကပဲ ခပ်နိမ့်နိမ့်နဲ့ မသိတဲ့သူတွေက သူတို့နှစ်ယောက် ကလူကျီစယ်နေကြတယ်လို့ထင်မယ် ၊ အမှန်မှာတော့ စူးယီမော့က သူ့ကို မေးတယ်
   " သူ မင်းကို ထပ်ရှာပြန်ပြီလား ? "
  
   " သူ ? ဘယ်သူလဲ ? "
လျန်ဖုံးကေား ပြန်မေးတယ် ။

  ဒီလူ ကိုယ့်ကို အဟုတ်ကြီးမှတ်နေတာလား ? ကိုယ့်ဖုန်းကိုလည်း ခိုးနားထောင်သေးတယ် ပြန်လည်း အပြစ်တင်ချင်နေသေးတယ် !

  " လာဟန်ဆောင်မနေနဲ့ ၊ မင်း စိတ်ထဲသိနေတာပဲ"
စူးယီမော့ လက်တဖက်က လျန်ဖုံးကေားရဲ့ မျက်နှာကို ကိုင်လိုက်ပြီး အချစ်တွေနက်ရှိုင်းစွာဖြင့်ကြည့်နေတယ် ၊ ဒါပေမဲ့ သူတို့နှစ်ယောက်သာသိတယ် အဲ့တာက ဘာချစ်ခြင်းတွေ နက်ရှိုင်းနေတဲ့ အကြည့်မဟုတ်ဘူး ၊ သတိပေးခြင်းသာ ဖြစ်တယ် ။
  အကြည့်က ဖြူဖတ်နေတဲ့ နှုတ်ခမ်းလွှာပေါ်မှာ ရပ်သွားတယ် စူးယီမော့က မလူပ်ရသေးဘူး ၊ လျန်ဖုန်းကေားက အရင်ဆုံး ကပ်လာပြီး သူ့ကို နမ်းလိုက်တယ် နမ်းတယ်လို့ ပြောတာထက် ---ကိုက်နေတာလို့ပြောရင် မှန်တယ် ။

လူစားထိုးWhere stories live. Discover now