48

422 78 1
                                    


 
လူစားထိုး ပေထန်မော့ ဒုတိယပိုင်း

  001

      ဟွမ်ယွီအဆောက်အအုံကြီး ။
  
    အနက်ရောင် Jaguarကားတစ်စီးက ဖြည်းဖြည်းရပ်လိုက်တယ် တံခါးရှေ့က အစောင့်က အပြေးလေးရှေ့တက်ပြီး ရှေ့နောက်တံခါးကို တပြိုင်နက်တည်းနီးပါး ဖွင့်ပေးလိုက်ပြီး လေးစားစွာဖြင့် ဆင်းလာသူနှစ်ဦးကို နှုတ်ဆက်တယ်
   " CEO စူး ! သခင်လေး ကျင် ! "

  " အင်း "
စူးယီမော့ ခပ်ပေါ့ပေါ့ ပြန်ထူးလိုက်ပြီး မှာကြားတယ်
  " ကားကို ကားရပ်နားတဲ့နေရာမှာ သေချာရပ်ထားရင် ရပြီ သော့က လက်ထောက်ကို အပ်လိုက် "

  " ဟုတ်ကဲ့ ၊ CEO စူး !"
  သော့ကို လက်ခံလိုက်တဲ့သူက ကားမောင်းပြီး မြေအောက်ကားရပ်နားတဲ့ ဂိုဒေါင်ထဲမောင်းသွားတယ် ။

  စူးယီမော့က နက်ခ်တိုင်ကို ပြင်လိုက်ပြီး ဘေးက လျန်ဖုံးကေားကို ပြောတယ်
  " သွားရအောင် ! "

 နှစ်ယောက်သား လမ်းလျှောက်တာ အတော်ကပ်နေပြီး စူးယီမော့က သူ့ရဲ့ အခုမှ ဒဏ်ရာသက်သာစကို ဂရုစိုက်ချင်ပုံဖြင့် လမ်းလျှောက်တဲ့အချိန်မှာ အရင်ထက် ပိုနှေးထားပေးလေတယ် ။

  လျန်ဖုန်းကေား ပိန်ပါးပါးနဲ့ မျက်နှာကလည်း အနည်းငယ်ဖြူဖတ်နေသေးတယ် သို့သော်လည်း ထူထူထောင်ထောင်ပုံတော့ရှိနေတယ် ။

  တံခါးဝကနေ ခန်းမအထိ သူတို့ကို နှုတ်ဆက်သူတွေ အများကြီးရှိတယ် လျန်ဖုံးကေားက တယောက်ချင်း ခေါင်းငုံ့ကာ ပြုံးပြလေတယ် ။

  စူးယီမော့က လျန်ဖုံးကေားကို အရင်ဆုံး သူ့အလုပ်ရှိနေတဲ့ အထပ်လွှာ၂၀ကို အရင်ပို့ပေးတယ် ။

  ခန်းမထဲက တရင်းတနှီးဆက်ဆံတာနဲ့ယှဉ်ရင် ဒီတထပ်က တိတ်ဆိတ်နေတယ် ။ လျန်ဖုံးကေား မျက်မှောင်ကျုံ့မိပြီး စိတ်ထဲကနေ ခန့်မှန်းနေမိတယ်
  " ဒီ ကျင်ချိုးဟန်က ဒီအသိုင်းအဝိုင်းထဲမှာ အဲ့လောက် နာမည်မကောင်းနေဘူးလား ? ဒါ့ကြောင့် အထပ်လွှာ နှစ်ဆယ်က အနုပညာရှင်တွေ ‌ဒါရိုက်တာတွေ ဇာတ်ညွှန်းရေးသူတွေ အကုန်ပျောက်နေပြီး ကျင်ချိုးဟန် ပြန်လာတာကို မသိချင်ယောင် ဆောင်နေတာလား ?

လူစားထိုးWhere stories live. Discover now