081

446 75 6
                                    


 034

       အန်းဖခင်က လျန်အိမ်ကို ကလဲ့စားချေပြီးတာနဲ့  လျန်ဖုံးကေားကို ပျိုးထောင်ရန်အတွက် ကိုယ့်ဘေးနားပြန်ခေါ်ဖို့ မခေါ်ဖို့ အတော်ကြာ တွေဝေခဲ့တယ် ၊ ဘယ်လိုပဲဖြစ်ဖြစ် လျန်ဖုံးကေားက ကိုယ့်သွေးသားပဲလေ၊ ကျားရဲတောင် ကိုယ့်သားပြန်မစားဘူး ! သူ ပြန်ကလဲ့စားချေချင်တာက လျန်ချန်ပဲလေ ၊ ပြီးတော့ သူ့သားနှစ်ယောက်ပါ အပါ ကလဲ့စားချေပြီးပြီလေ၊ လျန်ဖုံးကေားကို အမေရိကားအရင်ခေါ်သွားပြီး လျန်အိမ်နဲ့ ဝေးဝေးထားမယ်ဆို အချိန်တခုရောက်ရင် ကိုယ့်ကို လက်ခံနိုင်လာမလားပဲ ။
  
     သို့သော် ပြည်တွင်းသို့ ရောက်ပြီးနောက် လျန်ဖုံးကေားကို ရှာမတွေ့နေဘူး ။ သူကြားတာက လျန်ချန် ဆေးရုံတက်နေပြီ ဆိုတော့ ဆေးရုံမှာ သားကို တွေ့နိုင်မလားဆိုပြီး လာရှာကြည့်တယ် နောက်ဆုံးတော့ သားရဲ့အရိပ်ပင် မတွေ့ရဘူး ၊ 'ဇနီး'ဖြစ်သူလျန်ဝမ်လု ကလည်း စိတ်ထိခိုက်ပြီး စိတ်လွတ်နေလေပြီ ။

 လျန်အိမ်ပြန်ပြီး သေချာပြန်ရှာပြီး တရက်ပြီးတရက်စောင့်ရာ လျန်ဖုံးကေားပြန်လာတာကို မတွေ့မှ အန်းဖခင် ပြာပြီလေ ၊ ဒါနဲ့ပဲ အန်းအိမ်က သတင်ပေးအင်အားနဲ့ သားကို စရှာလေပြီ ။

  အဲ့အချိန်ကာလမှာ လျန်ဖုံးကေားက စူးအိမ်မှာနေထိုင်နေတာကြောင့် စူးအိမ်က လုံခြုံရေးကလည်း ကောင်းတာရယ်ကြောင့် စရှာတုန်းမှာ အန်းအိမ်က သတင်းပေးတွေ ရှာဖွေလို့မရနေဘူး ။

  အဲ့ဒီနေ့ စူးယီမော့တို့ ထွက်ကစားမှ အန်းအိမ်က သတင်းပေးတွေ ရှာတွေ့တော့တယ် ။

  ဒါပေမဲ့ ၊ သူတို့ အမှီလိုက်နိုင်ချိန်မှာတော့ လျန်ဖုံးကေားစီးတဲ့ ကားက ပေါက်ကွဲနေပြီ ။

  သူတို့တွေ မေ့လဲနေပြီဖြစ်သော လျန်ဖုံးကေားကို အမြန်ပွေ့ချီပြီး နောက်ကလိုက်လာတဲ့ သူတို့သူဌေးနဲ့ ဆုံကာ  လျန်ဖုံးကေားကို ဆေးရုံအမြန်ဆုံးပို့တော့တယ် ။

 ကုသပြီးနောက် လျန်ဖုံးကေား အရေးပေါ်အနေအထားက လွတ်မြောက်ခဲ့တယ် ၊ သို့သော် ဆရာဝန်က သူ့ခေါင်းထိထားတာမို့ နောက်ဆက်တွဲကျန်မယ်လို့ပြောတယ် ။
  အန်းဖခင်က ရင်တထိတ်ထိတ်ဖြင့် လျန်ဖုံးကေားနိုးလာတာကို စောင့်နေခဲ့တယ်၊ ဒီသားလေးအပေါ်ကို သူ့ရဲ့ စိတ်က မတင်မကျဖြစ်နေတယ်--- အပြစ်ရှိတယ်လို့ ခံစားရသလို ၊ ဘာမှလည်း မလုပ်ပေးရသလို ဖြစ်နေတယ် ၊ ဘယ်လိုပဲ လုပ်ပေးလုပ်ပေး မသင့်တော် သလိုဖြစ်နေတယ် ။

လူစားထိုးWhere stories live. Discover now