013

438 83 2
                                    

013

    " ဒင်ဒေါင် ဒင်ဒေါင် ----"
 
  တံခါးဘဲလ်သံ ရုတ်တရက်ထွက်လာခဲ့တယ် ။

 လျန်ဖုန်းကေားက   မှာထားတဲ့ပီဇာရောက်ပြီလို့ခန့်မှန်းလိုက်တာမို့ အပေါ်ထပ်ကို အော်လိုက်တယ်
" အားမော့ ၊ မင်းရဲ့ ပီဇာ ! "

 မိနစ်အတော်ကြာ ပြင်ဆင်ထားပြီးပြီမို့ သူက အလုပ်အနေအထားထဲကို ဝင်နေပြီလေ ၊ စိတ်ခံစားချက် အခြေအနေကို ကြည့်လို့မမြင်နေစေရဘူး။

စူးယီမော့ က အောက်ထပ်ကို အေးဆေးဆင်းလာပြီး ဆိုဖာပေါ်မှာ ထိုင်နေတဲ့ လျန်ဖုန်းကေားကို အသာလေးတချက်ကြည့်လိုက်ပြီး တံခါးဝရှေ့ကို သွားကာ တံခါးကို ဖွင့်လိုက်တယ် ။

  တကယ်ပဲ ပီဇာရောက်ပြီ ငွေရှင်း ၊ ရောက်ကြောင်း လက်မှတ်ထိုး၊ တံခါးပိတ် ၊ စူးယီမော့က ပီဇာဘူးအကြီးကြီးကို ပိုက်ပြီး လာနေတယ် ။

  လျန်ဖုန်းကေားရဲ့ ညာဖက်နားရွက် လူပ်သွားပြီး မျက်နှာရုတ်တရက်ပျက်သွားကာ သူ ဆတ်ကနဲထရပ်ကာ ပြေးသွားပြီး ပီဇာဘူးကို လုလိုက်ကာ တံခါးကို ကန်ဖွင့်လိုက်ပြီး ဘူးကို တံခါးအပြင်ကို အားပြင်းပြင်းနဲ့ ပစ်ထုတ်လိုက်တယ် !

  ဒီလူပ်ရှားမူက လျှပ်စီးလိုပဲ မျက်စိတခတ်အတွင်း စူးယီမော့ရဲ့လက်ထဲက ပီဇာကို မတွေ့တော့ဘူး။ ခေါင်းမော့လိုက်တော့ ပီဇာက ပစ်ထုတ်ထားတဲ့အနေအထားအတိုင်း လေထဲမှာအောက်ကိုကျနေဆဲ ။

  " မင်း---"

  " ဝုန်း ---"

  စူးယီမော့ စကားစပြောလိုက်တဲ့ အချိန်မှာပဲ လေပေါ်မှာဝဲနေသေးတဲ့ ပီဇာဘူးက ဝုန်းကနဲ ပေါက်ကွဲသွားကာ ပီဇာအသားစများ အရပ်လေးမျက်နှာကို ပြန့်ကျဲသွားတယ် ၊ စူးရှတဲ့ ယမ်းအနံ့ကလည်း ပျံ့နှံ့လာတယ် ။

  စူးယီမော့က အံ့အားသင့်စွာ လျန်ဖုန်းကောကို ကြည့်လိုက်တယ် လျန်ဖုန်းကေားက ဘူးကို ပစ်လိုက်တဲ့ ကိုယ်နေဟန်ထားအတိုင်းရပ်နေတုန်းပဲ ပေါက်ကွဲသံကြားပြီး တကယ်အန္တရယ်မရှိတော့ဘူးဆိုမှ သူက တောင့်တင်းစွာလက်ကို သိမ်းလိုက်ပြီး ကိုယ်ကို ဖြည်းဖြည်းလှည့်ကာ အကြည့်နက်နက်ရိူင်းရိူင်းဖြင့် စူးယီမော့ကို ကြည့်လိုက်ပြီး
" မင်း ဘယ်သူကို ရန်ရှာထားမိတာလဲ ? "

လူစားထိုးWhere stories live. Discover now