089

426 84 3
                                    

   042

      အမှန်တော့ သူ့စိတ်ထဲမှာ ပိုများတာက ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်း နှင့် နာကျင်ခြင်းဖြစ်တယ် ။

  အဲ့နောက်ပိုင်းမှာ စူးယီမော့ ထပ်မငိုဖြစ်တော့ဘူးလိုလိုပဲ ။

  တော်သေးတာက လူလိမ်လေးရဲ့ အမေကို ဖြည့်စည်းခွင့်ရသေးတယ် ။

  ဒါပေမဲ့ ၊ လူလိမ်လေးရဲ့မေမေက စိတ်ဝေဒနာနဲ့ပတ်သက်လို့ ကုသမှုက အကောင်းဘက်မသန်းလာနေဘူး ၊ ဒါနဲ့ပဲ စူးယီမော့က အထူးပြုစုသူတဦးရှာထားပေးပေမဲ့ သူမရဲ့အသက်က တဖြည်းဖြည်းကြီးလာတာမို့ အထူးစောင့်ရှောက်ရေးစင်တာကို ရွှေ့ပေးခဲ့တာဖြစ်တယ် စောင့်ရှောက်ရေးစင်တာမှာ ကျွမ်းကျင်သူပိုများတယ် ၊ ပိုကျွမ်းကျင်တဲ့ စောင့်ရှောက်မှုကို ရနိုင်တယ် ။

  သူမကို ခေါ်ထုတ်ပြီး အနီးကပ်စောင့်ရှောက်ပေးချင်ပေမဲ့ စူးယီမော့ 18နှစ်ပြည့်မွေးနေ့ပြီးနောက်မှာပဲ အမဲလိုက်စွန်ရဲအဖွဲ့ နဲ့ စူးအိမ်ရဲ့အားလုံးကို ဆက်ခံလိုက်ရပြီ ၊ အရှေ့တုန်းက စွန်ရဲလိုက်အဖွဲ့နဲ့ ထိပ်တိုက်တွေ့မှုမှာ စူးအိမ်က တညအတွင်း ဘာမှမရှိတော့သလောက်ကို ကျရှူံးခဲ့သည်မို့ သူ့ပုခုံးမှာ အမဲလိုက်စွန်ရဲအဖွဲ့ကို ပြန်တည်ထောင်ဖို့နဲ့ စူးအိမ်ကို စီးပွားရေးလောကမှာ နာမည်ပြန်ရဖို့ ကြိုးစားရမဲ့ တာဝန်တွေ ရောက်လာခဲ့တာကြောင့် လျန်မိခင်ကို ကိုယ်တိုင်မစောင့်ရှောက်နိုင်ခဲ့ဘူး ၊ ဒါ့ကြောင့် အချိန်မှန် စောင့်ရှောက်ရေးစင်တာကို ငွေလွှဲပေးပြီး လျန်မိခင်ကို ဂရုစိုက်စေခဲ့တယ် ၊ အချိန်ရရင်လည်း သူမကို သွားကြည့်ခဲ့တယ် ဒါပေမဲ့လည်း ခပ်ဝေးဝေးကနေပဲပေါ့ ။

  သူ အနီးမကပ်သွားချင်ဘူး ၊ အနီးလည်း မကပ်သွားရဲဘူး ၊ လူလိမ်လေးရဲ့ သေဆုံးခြင်းက သူ့အတွက်ဖြစ်စေခဲ့တဲ့ စိတ်ထိခိုက်မှုက အတော်ကြာမှထွက်နိုင်ခဲ့တာလေ ၊  လူလိမ်လေးနဲ့ ပတ်သက်တာတွေကို သိပ်‌မထိတွေ့နိုင်သေးဘူး ။

  ဒီလိုဆိုပေမဲ့ အဲ့ဒီကိစ္စက သူစိတ်ထဲမှာ ဒဏ်ရာအကြီးကြီးအနေနဲ့ ကျန်ခဲ့တယ် စဉ်းစားမိတိုင်းတောင် နာနေသေးတယ် ။

လူစားထိုးWhere stories live. Discover now