035

422 81 0
                                    

  035
 
      အန်းမုရဲ့ စကားသံထွက်လာတာနဲ့ လျန်ဖုံးကေားရဲ့ ပထမဆုံးတုံ့ပြန်ချက်က လန်ခွန်းရဲ့ မျက်နှာထားကို သွားကြည့်ခြင်းဖြစ်တယ် ။

  လန်ခွန်းကလည်း လျန်ဖုန်းကေားကို စိုက်ကြည့်နေတယ် သူကြည့်လာတာတွေ့တော့ လက်ဖဝါးနှစ်ဘက်ဖြန့်ပြကာ သူလည်း မသိဘူး ဆိုတဲ့ပုံနဲ့ ။ ဒါပေမဲ့ သူ့ နှုတ်ခမ်းထောင့်က အပြုံးက လျန်ဖုံးကေားကို ပြောပြနေတာက သူ ကိစ္စတချို့ကို ခန့်မှန်းလို့ရပြီ ၊ ပြီးတော့ ဒီကိစ္စတွေက ခဏကပဲ အန်းမုကြောင့် အတည်ပြုလို့ရသွားပြီ ။

   လှမ်းနှုတ်ဆက်နေသော အန်းမုက  လျန်ဖုံးကေားသူ့ကိုပြန်မနူတ်ဆက်ပဲ အရင်ဆုံး တခြားတဘက်ကို ကြည့်လိုက်တာတွေ့တော့ သူလည်း အလိုအလျောက် လိုက်ကြည့်မိလိုက်တယ် ရေချိုးဝတ်ရုံပတ်ထားပြီး ဆံပင်ရေစက်လက်နဲ့ ရပ်ကာ သူတို့ကို အပြန်ပြန်အလှန်လှန်ကြည့်နေတဲ့သူ ဘယ်သူဆိုတာ သိပြီးနောက် အန်းမု မျက်ဆံတွေ ကျဉ်းသွားကာ အံ့ဩရိပ်တွေ ထွက်လာတယ် ---လန်ခွန်း ? !

     အန်းမုရဲ့ ခန္ဓာကိုယ်က မသိစိတ်ဖြင့် အနောက်သို့ ယိုင်သွားပြီး အစကမျက်နှာပေါ်မှာ ရှိနေတဲ့ နွေးထွေးတဲ့အပြုံးတွေ လျင်မြန်စွာပဲ ပျောက်ကွယ်ကာ မမြင်ရတော့ပဲ နေရယူလာတာက လန့်ဖြန့်အံ့ဩခြင်း ၊ လန်ခွန်းကို မြင်ပြီးနောက် သူ့ရဲ့ပုံက ပုန်းရှောင်လိုက်လို့ မမှီလိုက်တဲ့ မျက်နှာထားပါ ။
  
       လျန်ဖုန်းကေားကတော့ မသိမသာဖြင့် အကြည့်ကို ပြန်သိမ်းလိုက်ပြီး အခြောက်ခံစက်ကို ပိတ်လိုက်တယ် ။
  
 လန်ခွန်း နှုတ်ခမ်းထောင့်က အပြုံးက တောင့်သွားကာ အကြည့်က မနေသာပဲလေးလံသွားတယ် ။

  နှစ်ယောက်သားရဲ့ တုန့်ပြန်ချက်ကို ကြည့်ရတာ ---ကိုယ်ခန့်မှန်းတာ မှားပြီ ။

  " ဖုန်းကေား ငါ ကိစ္စရှိသေးလို့ နောက်ရက်မှ မင်းကို အစားလိုက်ကျွေးမယ် ။ ငါသွားနှင့်ပြီ ! "
    အန်းမု ပြာပြာယာယာဖြင့် လျန်ဖုံးကေားကို ပြောပြီး ကိုယ့်ကို လှည့်ကာ သွားတော့တယ် !

လူစားထိုးWhere stories live. Discover now