119

439 66 8
                                    

  072

      G မြို့ကိုသွားမယ်လို့ ရုတ်တရက်ဆုံးဖြတ်​လိုက်သော်လည်း လျန်ဖုံးကေားက ချိန်ရှီးလန်တို့ကို အကြောင်းကြားဖို့ မမေ့နေဘူး ။

     အဲဒီနှစ်ယောက်ကလည်း တခွန်းသာ မှာကြားပြီး ဖုန်းချသွား‌တယ် ။

 လျန်ဖုံးကေား နားမလည်နေဘူး အရင်ကသာဆို နှစ်ယောက်သား ခုန်ပေါက် ဆဲဆိုပြီး သူ့ကို လာကာကွယ်တော့မှာလေ ၊ ဒီတခေါက်ဘာလို့ အဲ့လောက်တောင် အေးဆေးနေရတာလဲ ?

  နားမလည်နေပေမဲ့လည်း သူတို့ကို သူ့နဲ့အတူတော့ လိုက်မပင်ပန်းစေချင်ဘူး ။

  ချိန်ရှီးလန်နဲ့မီလော့ ဒီလောက်အေးဆေးနေတာ အကြောင်းရှိတာပေါ့ ၊ လျန်ဖုံးကေားကို အရိပ်မဲ့နဲ့ အစောကတည်းက တိတ်တဆိတ်စောင့်ရှောက်ခိုင်းထားပြီမို့ လျန်ဖုံးကေား သူတို့ကို ဖုန်းမဆက်ခင်ကတည်းက အရိပ်မဲ့က လျန်ဖုံးကေား Gမြို့ သွားပြီဆိုတာ ပြောပြနှင့်ပြီးပြီ ၊ လည်ပတ်ခရီးစဉ်ကို စောထွက်ပြီထင်တယ်တဲ့ ။ 

  နှစ်ယောက်သား စဉ်းစားကြည့်‌တော့လည်း ဟုတ်တယ်၊ လျန်ဖုန်းကေားက အအားမနေတတ်သူလေ၊ ပြီးတော့ အခုတလော ရှုပ်ရှုပ်ထွေးထွေးတွေထဲ ရောက်သွားပြီး ခဏနေ အဆိပ်မိလိုက် ၊ ခဏနေ ဒဏ်ရာရလိုက်နဲ့ ပြီးရင် ချစ်တာတွေ မေတ္တာတွေနဲ့ ပတ်သက်နေသေးတာဆိုတော့ စောစောခရီးထွက်လည်း မဆိုးပါဘူး ၊ စိတ်အပန်းဖြေပေါ့ !

  လျန်ဖုံးကေား အာရုံစူးစိုက်ကာ ခရီးနှင်နေရင် နောက်မှ စူးယီမော့က သူ့လူတွေကို အကြောင်းမကြားတာ စဉ်းစားမိလိုက်တယ် ၊ ပိုအရေးကြီးတာက သူက စူးယီမော့ကို ကျင်ချိုးဟန်လက်ထဲကနေ ခေါ်ထုတ်လာတာလေ ၊ ဖုန်းလေးတချက်တောင်ဆက်ပြီး လုံခြုံကြောင်း အကြောင်းကြားရမှာ မသိဘူးလား ?

      မျက်လုံးပင့်ပြီး နောက်ကြည့်မှန်ကနေကြည့်လိုက်တော့ စူးယီမော့က ထိုင်ခုံအမှီကို မှီပြီး မျက်လုံးမှိတ်နေပြီ ၊ အိပ်ပျော် ....သွားပြီ ?
  
  ပိုင်ဆိုင်မှုများသောသူဌေးနှင့် စွန်ရဲလိုက်လောင်တဖြစ်ပြီးတော့ သူက ဘယ်လိုလုပ် စိတ်ချစွာအိပ်နိုင်တာလဲ ? ကိုယ်က တခြားအကြံနဲ့ ချဉ်းကပ်တာ မဖြစ်နိုင်ဘူးလား ?

လူစားထိုးUnde poveștirile trăiesc. Descoperă acum