063

421 85 8
                                    


  016

   
      စူးယီမော့ ကားမောင်းရင်း လမ်းတဝက်ရောက်ချိန် မျက်ခုံးတချက်လှုပ်သွားပြီး မကောင်းတဲ့ ခံစားချက်က ရင်ထဲရောက်လာတယ် သူ ကားမောင်းတာကို အရှိန်လျှော့လိုက်ပြီး ဦးနှောက်ထဲမှာ ပြန်စဉ်းစားလိုက်တယ် ။

  လန်ခွန်းလို ဒီလောက်တော်တဲ့သူက လျန်ဖုန်းကေားနားကနေ ကျင်ချိုးဟန်ဖုန်းကို ယူလိုက်ရင်တောင်မှ အထဲက နောက်ယောင်ခံစက်ကို မတွေ့ပဲ မနေနိုင်ဘူး ပြီးတော့ နောက်ယောင်ခံစက်က အဖျက်စီးမခံရပဲ အချက်ပြနေသေးတယ် ....ပြောရရင် ....သူက ကိုယ့်ကို တမင်မျှားခေါ်တာလား ?

  ကားစတီရင်ယာတိုင်ကို တချက်ဆွဲ့ဝှေ့လိုက်ပြီး စူးယီးမော့ ဘေးဘက်လမ်းကို တက်မောင်းလိုက်ပြီး လာရာလမ်းအတိုင်း ပြန်တော့တယ် ။

 ဟိုဘက်က လန်ခွန်းကတော့ စောင့်ကြည့်သူသတင်းပေးတာကို ရလိုက်တယ် ၊ စူးယီမော့က လမ်းတဝက်ကနေ လှည့်ပြန်သွားပြီမို့ ကားကို ဘရိတ်အမြန်နင်းမိလိုက်ကာ စိတ်ထဲကနေ စူးယီမော့ရဲ့ သတိကြီးခြင်းကို ဆဲလိုက်မိတယ် !

  လန်ခွန်း ‌စဉ်းစားလိုက်ပြီး 'ကျင်ချိုးဟန်' ကို ချုပ်ထားတဲ့ နေရာကို မပြန်ပဲ ကားစက်နှိုးကာ Aမြို့ရဲ့ ခြေချရာ ---night club ကို မောင်းသွားတော့တယ် ။

  စူးယီမော့ကတော့ အအားမနေဘူး မှတ်ဉာဏ်ထဲက ရင်းနှီးပေမဲ့ စိမ်းလှသော ဖုန်းနံပါတ်တခုကို ဆက်လိုက်တယ် ။

  အချိန်တခုအထိ မြည်ပြီးမှ ကိုင်လာပြီး ဟိုဘက်ကကိုင်သူက ဇဝေဇဝါဖြင့်
  " ကျေးဇူးပြု၍ ဘယ်သူ့ကိုရှာတာလဲ ? "

  ဒီ ရင်းနှီးတဲ့အသံကို နားထောင်လိုက်မှ စူးယီမော့ ရင်ထဲက အလုံးကျသွားကာ သူ သေချာစွာ ပါးစပ်ဟတယ်
  " အားရှီး ၊ ငါက စူးယီမော့ပါ "

 " စူးယီမော့! မင်း ဘယ်လိုလုပ် ငါ့နံပါတ်သိတာလဲ ?! "
ချိန်ရှီးလန်အံ့ဩစွာ ပါးစပ်ဟတယ် ။

  မီလော့က အစကတော့ လင်ဗန်းမပြီး ဧည့်သည်ကို အရက်သွားပို့တော့မယ် ၊ ကိုယ့်boyfriend ရဲ့ အသံကျယ်ကိုကြားပြီး ခြေမလှမ်းတော့ပဲ ကိုယ်ကို ကပ်လာပြီး အတူလာနားထောင်တယ် ။

လူစားထိုးWhere stories live. Discover now