040

478 85 2
                                    

  040

       လျန်ဖုံးကေားက ကျင်ချိုးဟန်သဏ္ဍန်နဲ့ အားလုံးရှေ့ကို ထွက်တော့မဲ့ အချိန်မှာပဲ ချိန်ရှီးလန်းရဲ့ ဖုန်းဝင်လာခဲ့တယ် ။
 " အရူး ၊ ရှင်နေသေးလား ? ဒီလောက်ကြာပြီ ငါ့ကို မဆက်ဘူး ! "

  " မင်း ပို့သတဲ့ မေတ္တာကြောင့် ၊ ရှင်သန်ရတာ အရသာရှိနေပါတယ် ၊ ဆိုရင်တော့ စိတ်မပျက်သွားဘူးမလား ? "
  လျန်ဖုံးကေားက ရင်းရင်းနှီးနှီးပဲ ပြန်နောက်ကာ ဖြေနေတယ် ။

  " ဟုတ်တယ် ! တကယ့်ကို စိတ်ပျက်တာပဲ ! မင်း ဒီတခေါက် ဘာအလုပ်တွေ လက်ခံထားတာတုန်း ? အပြင်ထွက်ချိန်လေးတောင် မရှိဘူး ! ငါလည်း ဒီမြို့မှာ ရှိ‌နေတယ်လေ ၊ အချိန်ရရင် လာထိုင်အုံး ငါကပဲ မင်းကို အကြွေးတင်သလိုတွေမလုပ်နဲ့ "

   ချိန်ရှီလန်းက ဆက်တိုက်ကို မောင်းတင်ပြီး အပြစ်တင်နေတော့တယ် သူက အစကတည်းက ပါးစပ်ထိန်းမရဘူးမလား
   " ဝေ့ ၊မင်း ဒီကောင် ဒီတလလုံး အခန်းပိတ်ပြီး နူးကရီးယားဗုံးတွေများ လုပ်နေတာလား ? "

 " ငါက မင်းလို့ မင်းထင်နေတာလား ? "
လျန်ဖုံးကေားက မျက်ဖြူလှန်လိုက်ပြီး
  " ငါ့ အဲ့ပညာတော့ မရှိဘူး "

  " ဒါတော့ ဟုတ်တယ် "
ချိန်ရှီလန်းက ဒီလိုလူလေ သူ့ကို မြှောက်လိုက်ရင် ပျံတက်သွားပြီလေ အခုဆို ကိုယ့်ကို အမွှန်းတင်လေပြီ
" ငါ့ ပညာက ဘယ်သူမှ လိုက်မမှီဘူး ! "

  " ဝေ့ ၊ Bro , မင်းဖုန်းဆက်လာတာ ငါ့ကို ဒါတွေလာကြွားဖို့တော့ မဟုတ်ဘူးမလား ? "
လျန်ဖုံးကေားက မျက်နှာကြက်ကနေကြမ်းပြင်ထိကြီးတဲ့ ပြတင်းပေါက်ရှေ့လျှောက်ရင်း ရောက်သွားကာ အပြင်က ကောင်းကင်ပြာ၊တိမ်ဖြူ ၊ သစ်ပင်စိမ်းတွေ ငေးရင်း ခါးပျင်းကြောဆန့်လိုက်ကာ
" မင်းရဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို ငါ မသိပဲနေမလား ? ငါ့ကို လာကြွားဖို့တော့ မလိုပါဘူး ? "
  
   " အာ ! ဘယ်ဟုတ်မလဲ ! မင်းအားလား ? ဒီည ငါ့ဆိုင်လာလေ ! ငါ့မှာ မင်းကို ပေးစရာရှိတယ် ! "
ချိန်ရှီးလန်ရဲ့လေသံက ဖိချထားတဲ့စိတ်လူပ်ရှားမူတွေပါနေတယ် တမင်လျို့ဝှက်ထားခြင်းအရသာတွေပါရနေတယ် ။

လူစားထိုးWhere stories live. Discover now