090

436 85 4
                                    


   043 
     " မင်း ငါ့ကို ခြိမ်းခြောက်တယ် ? "
လန်ခွန်း က စီယာတိုင်ကိုလှည့်ပြီး ကွေ့ချလိုက်တယ် ၊ မျက်နှာပေါ်မှာတော့ အေးစက်တဲ့အရောင်တွေထွက်လာတယ် ။
  
    " ကျွန်တော်မျိုး မလုပ်ရဲပါဘူး "
ကျင်ချိုးဟန် ရှင်းပြရတယ်
  " အဲ့ဒီလူက ကျွန်တော့်အတွက် အနှောက်အယှက်ဖြစ်နေလို့ပါ ၊ ကျွန်တော်တယောက်တည်း အားနဲ့ မဖြေရှင်းနိုင်လို့ပါ ၊ master လူလွှတ်ပြီး ကူညီပေးပါ ! "
  
       လန်ခွန်း ခဏတွေးတောပြီးမှ
  " ကောင်းပြီ ၊ ငါ လူလွှတ်ပြီး ကူညီပေးမယ် ဒီတခေါက်တော့ အမှားအယွင်းမရှိစေနဲ့ "
  
     " master စိတ်ချပါ ! စူးအိမ်ကို master ထံမှာ နောက်တခေါက် ထပ်ကျိုးနွံရစေပါမယ် ! "
ကျင်ချိုးဟန် ဖုန်းကို ချလိုက်ပြီး မျက်နှာပေါ်မှာ ရက်စက်ရိပ်တွေ ထွက်ပေါ်လာ....
  
     အဲ့ဒီနှစ်တွေက , စူးယီမော့ လက်ထဲဘာမှမရှိနေချိန် မှာ ကိုယ်က မခွဲမခွာနေပေးလို့သာ ကိုယ့်ကို မျက်စိထဲရောက်သွားတာလေ ။

  အကယ်၍ စူးယီမော့ကို ဒီလို တခေါက် ပြန်ဖြတ်သန်းစေမယ် ဆိုရင် သူက ကိုယ်ရဲ့တည်ရှိခြင်းကို ထပ်သတိပြုမိနိုင်တယ်လေ !

  ဒီဘက်က ကျင်ချိုးဟန်က သူ့အတွေးနဲ့သူကျေနပ်နေပေမဲ့ ဟိုဘက်က အန်းချန်ကတော့ လျန်ဖုံးကေားရဲ့ ဖုန်းကို တောက်လျှောက်ဆက်မရနေပဲ နောက်တော့ ဆက်သွယ်မှုဧရိယာတွင် မရှိပါ ဆိုတဲ့အဖြေလည်းကြားရော အန်းချန် တကယ်စိတ်တွေဆိုးတာလေ ။
  
     အကောင်းပြောချင်တာမရဘူး ဆိုရင် ငါ့အဆိုးမဆိုနဲ့ !
  
   အစကတော့ လျန်ဖုံးကေားနဲ့ သေချာဆွေးနွေးပြီး သူ က ကိုယ့်အပ်နှံမှုကို လက်ခံမခံ ပြောချင်တာလေ ၊ ပိုက်ဆံကတော့ ပိုပေးမှာပေါ့ ၊ ဒါပေမဲ့ သူက ဈေးကိုင်ပြီး ဖုန်းတောင်မကိုင်ဘူး !
  
     မကိုင်ဘူးဆိုတော့လည်း ၊ ငါ့ကို အပြစ်မတင်နဲ့တော့။
  
     အန်းချန် သေချာစဉ်းစားပြီး နောက်တော့ ထိန်းမရတော့ဘူး သူလက်မ နဲ့ နံပါတ်တချို့ကို နှိပ်လိုက်ပြီး ဆက်လိုက်တယ် ။
  
     လန်ခွန်းက ကျင်ချိုးဟန်ရဲ့ ဖုန်းကို ချရုံရှိသေး နောက်ဖုန်းတလုံး ထပ်ဝင်လာတယ် သူတချက်ကြည့်လိုက်တော့ ကိုယ်မသိတဲ့ နံပါတ်တခု‌ဖြစ်နေတယ် ။
  
    ပထမတခေါက်တုန်းက သူဂရုမစိုက်ဘူး ။

လူစားထိုးWhere stories live. Discover now