078

401 77 5
                                    

  031

      စူးအိမ်မှာ နေနေတဲ့ ရက်တွေမှာ စူးယီမော့က လျန်ဖုံးကေားကို ' လူလိမ်လေး ' လို့ပဲ ခေါ်တယ် ၊ သူဒီနာမည်ကို အတော် သဘောကျပြီး အားနေရင်ကို  ' လူလိမ်လေး ' ' လူလိမ်လေး 'ဆိုပြီး ခေါ်နေတာမို့ လျန်ဖုံးကေားရဲ့ နာမည်အရင်းကိုပင် မေ့နေလေပြီ ။

  လျန်ဖုံးကေားလည်း မပြင်နေဘူး သူက အကူအညီလိုသူမလား ။ ပြီးတော့ စူးယီမော့က ကိုယ့်ကို  ' လူလိမ်လေး 'လို့ ခေါ်တာ နှိမ်ချချင်လို့မှ မဟုတ်တာ ၊ ချစ်စနိုးအခေါ်အဝေါ်လေးပဲလေ ။

  လျန်ဖုံးကေားလည်း စူးယီမော့ရဲ့ နာမည်အပြည့်အစုံမသိဘူး အားလုံးက သခင်လေးလို့ ခေါ်တာမို့ သူလည်း လိုက်ခေါ်လိုက်တယ် ။ ဒါပေမဲ့ သခင်လေးရဲ့ နာမည်ထဲမှာ မော့(Mò)ဆိုတဲ့အသံပါတယ် ၊ မှင်ရည်မော့လား တခြား မော့လားတော့  သူမသိတော့ဘူး ။

  *တရုတ်တွင် အသံတူပြီး စကားလုံးမတူ အဓိပ္ပာယ်မတူတဲ့ စကားလုံးများသောကြောင့် ဖြစ်သည် မှင်‌ရှည်မော့သည် 墨ဤကဲ့သို့ရေး၍ စူးယီမော့သည် ၎င်း莫ဖြစ်သည်  *
  
      နောက်တော့ စူးယီမော့ က သူ့ကိုသခင်လေးလို့ မပေးခေါ်တာကြောင့် , လျန်ဖုံးကေားလည်း သူ့ကို အားမော့လို့ ခေါ်လိုက်တယ် ။

  နှစ်ယောက်သား ကစားရတာ အလွန်ပျော်ကြတယ် ၊ လျန်ဖုံးကေားက စူးယီမော့ကို ဘောလုံးကန်တာ သင်ပေးတယ် စူးယီမော့က လျန်ဖုံးကေားကို ကွန်ပျုတာနဲ့ နည်းပညာတွေ သင်ပေးတယ် ။

  လျန်ဖုံးကေားက ငယ်ကတည်းက လျန်အိမ်မှာ ကြီးတာရယ် ၊ တပ်ထဲမှာလည်း နေတာရယ်ကြောင့် အတိုက်အခိုက်တော်ပြီး စာပေမှာ ညံ့တယ် ၊ တိုက်ခိုက်တာတွေကို သင်ယူတာက စမတ်ကျကျဖြစ်ပေမဲ့ ကွန်ပျု‌တာတွေတော့ မထိတွေ့ဖူးဘူးလေ ၊ အိမ်က လူကြီးတွေကလည်း အဲ့ဒါတွေ သင်ပေးဖို့ မစဉ်းစားမိကြဘူး ။

     စူးယီမော့က ငယ်ကတည်းက လေစိမ်းမတိုက်အောင် ကာကွယ်ခံရသူလေ ၊ အိမ်ထောင်စု ရဲ့ စီးပွားရေး အလွန်ကြီးတာမို့ ဘေးမှာ သက်တော်စောင့်တွေလေးငါးယောက်နဲ့မို့ သူက စာပေကျွမ်းပြီး အတိုက်အခိုက်အားနည်းတယ် ၊ စီးပွားရေးတွေ ရှယ်ယာတွေ အရောင်းအဝယ်တွေ ဆိုတာတွေကို စူးဖခင်က သူ့ကို အစောကတည်းက ပေးထိတွေ့ထားလေပြီ ၊ သူကလည်း ဉာဏ်ကောင်းတာမို့ သင်တာနဲ့တတ်တယ် တခါတလေ အရိပ်ပြ အကောင်တောင်မြင်လိုက်သေးတယ် ။ ဒါပေမဲ့ အင်တာနက်လောကထဲမှာ ပျော်မွေ့နေတာကြောင့် ပြင်ပနဲ့ထိတွေ့မှုအားနည်းတယ်လေ ဒါ့ကြောင့် သူ့ကို ကြည့်လိုက်ရင် တည်တည်တံ့တံ့နဲ့ လူကြီးလေးလို ခံစားချက်ပေးတာလေ ။

လူစားထိုးWhere stories live. Discover now