008

509 99 3
                                    


  008
  
" အားမော့ ....ငါ့နဲ့ ခဏနေပါအုံး ...."
  ကျင်ချိုးဟန်ရဲ့ ရုပ်ရည် ကျင်ချိုးဟန်ရဲ့ အသံ ၊ တွယ်တာချစ်မြတ်နိုးတဲ့အကြည့်တွေကိုတွေ့လိုက်ရတဲ့ စူးယီမော့က သူ့ကို ကျင်ချိုးဟန်လို့ပင်ထင်မြင်မိစေသည်။
  
      သတိပြန်လည်လာချိန်မှာတော့ သူက ခါးကိုင်းပြီး လျန်ဖုန်းကောရဲ့နဖူးကို အသာလေးနမ်းမိပြီးနေပြီဖြစ်တယ်
" ကိုယ်အခု ချက်ချင်းပြန်လာခဲ့မယ် "

  သူအခန်းထဲက ထွက်သွားတဲ့ နောက်ကျောကို ကြည့်ပြီး လျန်ဖုန်းကော နှုတ်ခမ်းထောင့်လေးကွေးသွားတယ် ၊ ဒီလူက ရေခဲလိုအေးစက်စက်နှင့် အလိုဆန္ဒမရှိသလိုလိုနဲ့ ဖြားယောင်းမှုတော့ မခံနိုင်ရှာဘူး ။
  မျက်မှောင်က ပြန်မဖြေရသေးဘူး ထပ်ကျုံ့မိပြန်တယ် ၊ ဗိုက်က နာနေသေးတယ် ။ သေလိုက်ပါတော့ ၊ ဆေးကို ပိုပိုမှီခိုနေရပြီ ၊ အရင်က အောင့်လိုက်ရင် ပျောက်သွားပြီ ဒီနှစ်နှစ်မှာက ဆေးမသောက်လို့မရတော့ဘူး ။

  body double အနေနဲ့ လူပေါင်းပုံ သဏ္ဍန်ပေါင်းစုံ သရုပ်ဆောင်ရတယ် , ထိုအချိန်အတွင်း သူ့သရုပ်ဆောင်ရတဲ့သူရဲ့ အကြိုက်က သူ့အကြိုက်ဖြစ်ရတယ် ၊ သရုပ်ဆောင်ရတဲ့သူရဲ့ အကြိုက်က အစပ်ဆိုရင် သူလည်း အစပ်စားနိုင်စွမ်းကို ကျင့်ရတယ် ၊ မျက်နှာထားတချက်တောင် မပျက်ဘူး၊ သရုပ်ဆောင်ရတဲ့သူရဲ့ အကြိုက်က ဆောင်းတွင်းကြီး ရေခဲမုန့်ကိုဘူးကြီးကြီးကို ကိုင်စားနေရတာ ကြိုက်တယ်ဆိုလည်း လိုက်လုပ်ရတာပေါ့၊ body double လေ သရုပ်ဆောင်ရတဲ့သူရဲ့ နေထိုင်မှုပုံစံအသေးစိတ်တွေကအစ စိမ့်ဝင်နေစေရမယ် သိပ်ဂရုမပြုမိတဲ့ အကျင့်သေးသေးလေးတောင် သေချာ သင်ယူနိုင်ရမယ် တခြားအရာတွေကတော့ တော်သေးတယ် ၊ အဝတ်ဝတ်ပုံ ၊ သွားပုံလာပုံ ၊ အကျင့်စရိုက် စတဲ့ အပြင်ပန်းတွေက လူစားထိုးအလုပ်လုပ်သူအတွက် မခက်ခဲပါဘူး အစစ်အတုကို ခွဲခြားဖို့တောင် ခက်ခဲအောင် သင်ယူနိုင်တယ် စားသောက်မူပုံစံအကျင့်ကသာ တစက်မှမကွာအောင် လုပ်နိုင်သူရှားတယ် ။

  ဒါပေါ့ ၊လျန်ဖုန်းကောတော့မပါဘူး ။ သူက ပြီးပြည့်စုံခြင်းကိုတောင်းဆိုသူလေ ဒါ့ကြောင့် တခြားလူစားထိုးတွေက စပ်တာကို အချိုပြောင်းလိုက်ပြီး အအေးအခဲတွေကို အနွေးပြောင်းလိုက်ကြပြီး ဟာကွက်မပေါ်ပေမဲ့လည်း သူကတော့ လူမသိတဲ့တနေရာမှာ အစပ်စားကျင့်နေတယ် အအေးအခဲ စားကျင့်နေတယ် ဒီလိုတွေ လုပ်ဖန်များလာတော့ အစာအိမ်နာရောဂါ ကျန်နေခဲ့တော့တယ် ။ သူကိုယ်တိုင်ကိုက ကုတတ်တယ်ဆိုပေမဲ့ လူပ်ရှားရုန်းကန်ခြင်းပင်ပန်းမူရဲ့ နောက်ဆက်တွဲမှာ အစာအိမ်ကို မွေးဖို့ဆိုတာ ဟိုးအဝေးမှာလေ ။
  
      ဒါပေမဲ့ သူ့ရဲ့ ကြိုးစားမှုကြောင့် ဒီလုပ်ငန်းနယ်ပယ်အတွင်းမှာ ရွှေအဆင့်လူစားထိုးဖြစ်ခဲ့တယ် ။
  ကြိုးစားမှုက တန်ပြန်မှုတော့ ရှိတာပေါ့ ၊ အားစိုက်မှုကလည်း ဆုလာဘ်တော့ရှိတာပေါ့ ၊ အောင်မြင်ခြင်းကလည်း ...ပေးဆပ်မှုတော့ရှိရတာပေါ့ ။

လူစားထိုးWhere stories live. Discover now