115

411 55 2
                                    

  068

       " မင်း လူချိန်းထားတာပဲ ....ဒါဆို ငါ မနှောက်ယှက်တော့ဘူး "

  သူအစက အန်းမုသူ့ကို ဆေးရုံအတင်းခေါ်လာတာက သူ့ဒဏ်ရာကို စိတ်ပူလို့လားပေါ့ ၊ မိန်းကလေးနဲ့တွေ့ပေးမယ်လို့ မထင်ထားဘူးလေ ။

  ဒီမိန်းကလေးက ဘယ်သူနဲ့တွေ့ဖို့လဲဆိုတာ မစဉ်းစားသေးနဲ့ သူနဲ့ အန်းမုကြားထဲမှာ တတိယလူထွက်လာရင် အခုလိုချိန်းဆိုသလိုထွက်လာတဲ့နှစ်ယောက်သားအနေအထားက ပျက်စီးသွားပြီ ။

  အန်းမု သူ့ကို လှမ်းဆွဲလိုက်ပြီး အသံတိုးတိုးဖြင့်
  " အန်းချန် ဒါ ချာတိတ်မလေးစီစဉ်ထားပေးတာ ၊ မျက်နှာသာလေးပေးပြီး မျက်နှာတော့ပြ‌လိုက်ပါ ....သူမကလည်း မင်းကို စိတ်ပူလို့ ...."

  " စိတ်မဝင်စားဘူး ! "
  အန်းချန် အန်းမုလက်ကနေ ရုန်းထွက်ကာ
  " ဘယ်သူက မင်းတို့ကို ကိုယ့်သဘောနဲ့ကိုယ် လုပ်ခိုင်းလို့လဲ ? ငါ ပြောပြီးပြီ ၊ ငါ မိန်းကလေး မကြိုက်ဘူး ၊ မင်းက ငါ့ကို ဒီလိုလုပ်မှ ကျေနပ်မှာလား ? ငါ့ကို ငြင်းတာက ထားလိုက်တော့ အခု ငါ့နားကို မိန်းကလေးတောင် ပို့နေတယ် ? အန်းမု ၊ မင်းငါ့ကို နာကျင်အောင် လုပ်နေတယ် ! "

  " အန်းချန် ...."
  
     " ငါ အချစ်အကြောင်းနားမလည်သေးပါဘူးဆိုပြီး မင်း တတွတ်တွတ်ပြောနေပေမဲ့ ကိုကြီးကော အချစ်ကို အရမ်းနားလည်နေလို့လား ? မင်းနားလည်တယ်ဆို ဘာလို့ ငါ့ရဲ့ စိတ်ရင်းကို နင်းချရက်တာလဲ ? မင်းမျက်စိထဲမှာတော့ ငါက လျှောက်လုပ်နေတာ ၊ ငါ မင်းကို နှစ်သက်တာက မှားတာ ! ဒါပေမဲ့ ငါ့စိတ်ထဲမှာတော့ အဲ့ဒါ ငါမင်းအပေါ် ထားတဲ့ အစစ်မှန်ဆုံး အချစ်မေတ္တာပါ ၊ ငါ့ရဲ့ အနှစ်နှစ်ဆယ်လုံးရဲ့ တခုတည်းသော ယုံကြည်ချက်ပါ ! "
အန်းချန် စိတ်ဆိုးစွာ ပြောရှာတယ် ။
  
     " .....sorry, ငါနဲ့ ချာတိတ်မတို့ မှားသွားပါတယ် ၊ ဒါပေမဲ့ သူများက မိန်းကလေးက အပြစ်မရှိဘူး ၊ မင်းသူမနဲ့ စကားတချို့တော့ ပြောပါအုံး ...."
  
    အန်းချန်မျက်နှာထား‌မှောင်မိုက်စွာဖြင့် အန်းမုကို ကြည့်လိုက်တယ် ။

လူစားထိုးWhere stories live. Discover now