037

415 75 0
                                    

  037
     
        နောက်လာမဲ့ တလထဲမှာတော့ လျန်ဖုန်းကေားက စူးယီးမော့ကို ကျင်ချိုးဟန်ရဲ့ သတင်းများ၊ အင်တာဗျုးများ၊ အယ်လ်ဘမ်များ ၊ ရုပ်ရှင်များ ၊ ဇာတ်လမ်းတွဲများ စသည့်စသည့် ကျင်ချိုးဟန်နဲ့ သဏ္ဍန်တူအောင် လုပ်လို့ရသည့်အချက်အလက်များကို ယူလာခိုင်းခဲ့ပြီး အိမ်ထဲမှာ အောင်းပြီး လေ့လာနေတော့တယ် ။
  စူးယီမော့ကတော့ နေ့ဘက်ထွက်ပြီး ညဘက်ပြန်လာတယ် ။ သူဘာတွေ အလုပ်ရူပ်နေလဲ လျန်ဖုံးကေားက မမေးဘူး ဘယ်လိုစဉ်းစားစဉ်းစား ကုမ္ပဏီကိစ္စပြီးရင် အရေးအကြီးဆုံးက ကျင်ချိုးဟန်ကို အဖော်ပြုဖို့ပဲလေ !

  တခါတလေ စူးယီမော့ မထွက်တဲ့ အချိန်လည်းရှိတယ် ။
    အဲ့အချိန်မှာ သူက ဆိုဖာပေါ် ထိုင်ရင်း လျန်ဖုန်းကေားတယောက် ကြမ်းပေါ်မှာ တင်ပလွေခွေထိုင်ပြီး ကွန်ပျုတာရှေ့မှာ မပျင်းမရိနဲ့ ခွေတွေ တချပ်ပြီးတချပ် ထိုးကြည့်နေတာကို ကြည့်နေတယ် ပြီးတော့ ကျင်ချိုးဟန်ရဲ့  သီချင်း‌တွေနားထောင်ချိန်လည်း နားကြပ်တွေတပ်ပြီး  ဟိုဖက်သွားလိုက် ဒီဘက်သွားလိုက်လုပ်နေတယ် သွားနေပုံကလည်း အနှေးအမြန်က အင်တာဗျုးထဲက ကျင်ချိုးနဲ့ တူတယ် ။

  တဖြည်းဖြည်းနဲ့ ၊ တူတာကနေ တထပ်တည်း ဖြစ်လာတယ် ။

 "မင်းရဲ့ သရုပ်ဆောင်ချက်ကိုတော့ ငါ စိတ်ချတယ် "
စူးယီမော့ တရက်ကျတော့ လာလှောင်လေတယ်
" ဒါပေမဲ့ တခြားဘက်ကတော့ ...မင်းမရလောက်ဘူးမလား ? ငါ ဆရာတချို့ရှာပြီး မင်းကို သင်ပေးရမလား ? သီချင်းဆိုတာ ၊ အကကတာ‌တွေ အားလုံး တတ်မှရမှာလေ ။ အဲ့အချိန် ကုမ္ပဏီကို ပြန်ပြီး ဖန်သားပြင်ရှေ့ထွက်တဲ့အချိန်ကျရင် ပရိသတ်ကို ပြီးပြည့်စုံ ကျင်ချိုးဟန်အနေနဲ့ ပြရမှာ "

  လျန်ဖုန်းကေား နားကြပ်ကို ဖြုတ်ကာ ဆိုဖာပေါ်ကနေ ဆိုဖာပေါ်ထိုင်၍ အပေါ်စီးကနေငုံ့ကြည့်ကာ ဝေဖန်ပြောဆိုနေသော စူးယီမော့ကို လှည့်ကြည့်ပြီး ပုခုံးလေးတွန့်လိုက်ကာ
  " နားထောင်မလား ? "

 စူးယီမော့က နားမလည်တဲ့ အကြည့်ပြန်ပေးလိုက်တယ် ။

လူစားထိုးWhere stories live. Discover now