088

459 95 5
                                    


   041

    လျန်ဖုံးကေား စိတ်ဆိုးသွားတာကို စူးယီမော့က ကြည့်ရင်း အေးအေးဆေးဆေးဖြင့်သာ
  " ကျန်တဲ့ ကိုးလမှာ ၊ တခြားသူရဲ့အလုပ်တွေ လက်မခံနဲ့ ။ အငှားစရိတ်ကို ငါ ယွမ်သိန်းသုံးရာ ပိုပေးမယ် ၊ မင်းအခုလုပ်တဲ့ အလုပ်ကို ကောင်းကောင်းလုပ်ရင် ရပြီ "

  လျန်ဖုံးကေားမှာ အပြင်ကို ‌မပေါက်ကွဲထွက်နိုင်နေဘူး ရင်ထဲမှာခံနေပြီး ထုတ်မရထည့်မရနဲ့ နေရအတော်ခက်နေတယ် ။ သူ စူးယီမော့ကို အရမ်းအော်ချင်နေပေမဲ့လည်း ငွေမျက်နှာကြည့်ပြီး တွေဝေသွားပြန်ရော ။

 ယွမ်သိန်းသုံးရာလေ....

    စူးယီမော့ က လျန်ဖုံးကေားလက်ခံနားထောင်မဲ့ ဒီဖုန်းနံပါတ်က ဘယ်သူ့ကိုယ်စား လူစားထိုးရမယ် ဆိုတာကို မသိဘူး ၊ အမှန်က ချိုးဟန်ရဲ့ညီမကို ကယ်ထုတ်ဖို့ သူ ကူညီချင်တာမှန်းလည်း မသိနေဘူး ။

  ဒါပေမဲ့ သူ အလိုအလျှောက်ကို သူ့မျက်စိအောက်ကနေ တခြားအပ်နှံမှုတွေ လက်ခံတာကို တားချင်နေတာလေ ၊ ဒါဆို....သူနဲ့ လန်ခွန်း....ထပ်မထိတွေ့နိုင်တော့ဘူး။

  ဒါပေမဲ့ သူတချက်မေ့သွားတယ် ၊ လျန်ဖုံးကေားက တခြားအပ်နှံမှုတွေ လက်မခံလည်း အခု ကျင်ချိုးဟန်လိုသရုပ်ဆောင်ရတာလည်း လန်ခွန်းနဲ့ ထိတွေ့မှုရှိမှာပဲလေ ။

  လျန်ဖုံးကေား တံတွေးလေးမျိုချလိုက်ပြီး ပြန်စဉ်းစားလိုက်တယ်၊ ယွမ်သိန်းသုံးရာလေ ၊ ရစရာရှိတဲ့ငွေမယူပဲ ဘာလို့ အန္တရယ်တော်ထဲတိုးမှာလဲ ?

 ဟိုကျင်ချိုးလန်ဆိုလား သေတာရှင်တာ ငါ့နဲ့ဘာဆိုင်လဲ ? ကိုယ့်ကို ကျင်ချိုးဟန်လိုကောင်းကောင်း သရုပ်ဆောင်ရင်ရပြီလေ တခြားတွေကို ကိုယ့်လိုက်ပူနေစရာ မလိုပါဘူး !

  " ဘယ်လိုလဲ ? ဒီလိုက မင်းအတွက်အဆင်ပြေပါတယ် "
စူးယီမော့ တမင်အေးစက်စွာ ပြောနေတယ် ။

  လျန်ဖုံးကေား မယုံစွာပြန်မေးတယ်
  " မင်း တကယ်ပြောတာလား ? "

လူစားထိုးWhere stories live. Discover now