004

612 101 2
                                    


  004

   ညအချိန်
လူနာခန်းရဲ့တံခါးက အသာလေးပွင့်လာတယ် ။
  လျန်ဖုန်းကော ပျော်ရွှင်စွာ မျက်လုံးဖွင့်လိုက်တယ် ၊ လာပြီပေါ့ ! သူ့မှာ ဗိုက်ဆာလို့သေတော့မယ် !
  သို့သော် လာသူက မီးကို မဖွင့်ပဲ တံခါးကိုပြန်ပိတ်လိုက်တယ် ၊ ညာလက်က ဘောင်းဘီအောက်က ခြေသလုံမှာဝှက်ထားတဲ့ အရာတခုကို ဆွဲထုတ်လာပြီး လူနာကုတင်ဘက်ကို ခြေသံလုံလုံဖြင့် ကပ်လာခဲ့တယ်။

   ဆေးဘက်ဆိုင်ကိရိယာများအလုပ်လုပ်နေခြင်းကြောင့် မြင်ရတဲ့အလင်းကို အားကိုးပြီး ထိုလူလက်ထဲက ကိုင်ထားတာက ဓါးမြှောင်တခုမှန်း သေချာမြင်လိုက်ရတယ် !
စူးယီမော့ကို စောင့်တာ မရောက်လာပဲ လူသတ်သမားက ရောက်လာခဲ့တယ် !

 လျန်ဖုန်းကောက လေရူသံကိုလျှော့ပြီး အာရုံကိုစူးစိုက်ကာ လာသူကပ်လာတာကို ငြိမ်ငြိမ်လေးစောင့်နေတယ်.....
   လက်ကိုမြှောက်ပြီး ဓါးကိုစိုက်ချလိုက်တယ် ထင်ထားသလို အသားထဲစိုက်ဝင်သွားတဲ့ ခံစားချက်မဟုတ်ပဲ ခပ်ပျော့ပျော့နဲ့ အားမပါနေဘူး ....

   သွားပြီ ! လာသူက အခုမှ အသိရလိုက်ပြီး ဓါးမြှောင်ကို ပြန်ဆွဲချင်ပေမဲ့ နောက်ကျသွားပြီ လျန်ဖုန်းကော က ဆိုင်းမဆင့်ဘုံမဆင့်နဲ့ ခြေထောက်ကိုမပြီး ထိုလူနဲ့ နံရိုးနေရာကို ကန်လိုက်လေပြီ ၊ တခဏအတွင်း နံရိုးကျိုးသံနဲ့ နာကျင်လို့ ညည်းညူလိုက်သံကို ကြားလိုက်ရတယ် ။
  
      ငါးကြင်းတကောင် ရေပေါ်ကို ခုန်တက်လာသလို ကုတင်ပေါ်က ဆင်းလိုက်တာမို့ ကိုယ်ပေါ်မှာ ကပ်ထားတဲ့ ကြိုးတွေပိုက်တွေ အကုန်ပြတ်ထွက်ကုန်တယ် ၊ လျန်ဖုန်းကေား က အောက်ဆီဂျင် မျက်နှာဖုံးကို ဖယ်ချလိုက်ပြီး ခေါင်းအုံး‌ပေါ်က ဓါးမြှောင်ကို ဆွဲထုတ်လာပြီး ဓါးမြှောင်အထိုးခံရတဲ့ ခေါင်းအုံးကိုတော့ ဘေးကို ပစ်လိုက်တယ် ။

  ခြေဗလာဖြင့် အေးစက်တဲ့ ကြမ်းပြင်ပေါ်ရပ်နေတဲ့ လျန်ဖုန်းကေားက ခပ်ကျော့ကျော့ပေမဲ့ အန္တရယ်များသော ခြေလှမ်းဖြင့် ထိုလူဘက်ကို လျှောက်သွားပြီး
" မင်းကို ဘယ်သူလွှတ်လိုက်တာလဲ ? "

လူစားထိုးМесто, где живут истории. Откройте их для себя