068

418 87 2
                                    

  021

      အနီးဆုံးဆေးရုံက Aမြို့The First hospital ရဲ့ တွဲဖက်ဆေးရုံခွဲလေ ကုသမှုကလည်း စိတ်ချရတယ်။
  စူးယီမော့ ကားကိုရပ်ပြီး အနောက်ကားတံခါးဘက်ကိုပြေးဆင်းကာ ကားတံခါးကို ဆွဲဖွင့်လိုက်ပြီး လျန်ဖုံးကေားကို ပွေ့ပြီး အရေးပေါ်ကုသခန်းကို ပြေးတော့မယ်။

  ချိန်ရှီးလန်နဲ့ မီလော့တို့က အနောက်ကားကနေဆင်းလာပြီး မြင်တာနဲ့ အမြန်ရှေ့တက်ပြီး
  "ခဏစောင့် ! "

  စူးယီမော့ နားမလည်ဘူး ဆေးရုံတောင်ရောက်နေပြီ ဘာလို့ ခဏစောင့်ရဦးမှာလဲ ? အခု ဆေးကုဖို့က ပိုအရေးကြီးတာ ဘာကို စောင့်ရဦးမှာလဲ !

  မီလော့ က စူးယီမော့ကို လှမ်းဆွဲလိုက်ပြီး အသံတိုးဖြင့်
   " သူ့အခု ဒီမျက်နှာက super star ကျင်ချိုးဟန်လေ ၊ ဒီလိုပဲ ပွေ့ထွက်သွားရင် လူတွေမြင်သွားမယ် ! အဲ့အချိန်paparazzi တွေရောက်လာပြီး သတင်းတွေ တင်လိုက်ရင် မင်းဘယ်လိုပြောမှာလဲ ? "  

  ဒီမှာက စူးယီမော့ကို ဆွဲပြီး အကျိုးအပြစ်တွေ ပြောနေချိန် ဟိုဘက်က ချိန်ရှိးလန်က ကားအနောက်ခန်းထဲဝင်ပြီး ကိုယ်နှင့်မကွာ သယ်ဆောင်လေ့ရှိသောဆေးရည်ပုလင်းကို ယူထုတ်လာပြီး လက်ပေါ်တချို့သွန်ချလိုက်တယ် ၊ပြီးနောက် မေ့လဲနေပြီးဖြစ်သော လျန်ဖုန်းကေားကိုယ်ပေါ်ကို ကိုင်း၍ မျက်နှာပေါ်သို့ သုတ်လိမ်းလိုက်တယ် ၊ အထူးသဖြင့် နားထင်နားနဲ့ အောက်မေးစေ့နားတဝိုက်ပေါ့ ၊ ခဏစောင့်ပြီး‌မှသာ ခပ်ပါးပါးအရေပြားကို ဖယ်လိုက်တော့တယ် ။

  တကယ်ပဲ ၊ လျန်ဖုံးကေားရဲ့မျက်နှာလည်း ဖြူနေတာကြောက်စရာပဲ ။

  ကားအပြင်က စူးယီမော့ ‌လန့်သွားသလိုပဲ ၊ ချိန်ရှီးလန် အဲ့လောက်အများကြီး ဂရုမစိုက်နိုင်တော့ဘူး၊ လျန်ဖုံးကေားကို ထူလိုက်ပြီး ကျောပေါ်ပိုးလိုက်ပြီး စူးယီမော့ကို ပြောတယ် ။
 
     " ဒီနေ့ မင်းသူ့ကို ကယ်တာ ကျေးဇူးတင်တယ် ၊ ‌အခုတော့ ငါနဲ့လော့လော့ သူ့ကို စောင့်ရှောက်ရင်ရပြီ မင်းက ဟွမ်ယွီကုမ္ပဏီရဲ့ boss မလား ?  လူစိမ်းတယောက်ကို ဆေးရုံထဲပွေ့ဝင်သွားပြီး ဒီလောက်စိုးရိမ်ပြနေတာ မကောင်းဘူး ၊မင်း ပြန်လိုက်တော့လေ ၊ ငါ ခဏမှ မင်းကို ဖုန်းပြန်ဆက်ပေးမယ် "

လူစားထိုးWhere stories live. Discover now