016

468 79 1
                                    


  016

       တလမ်းလုံးကို သတိထားကာ CCTV တွေ ရှောင်ခဲ့ပြီး villa ကနေထွက်လာနိုင်ခဲ့ပြီ လျန်ဖုန်းကော လမ်းတချို့ကို အပြေးလေးပြေးခဲ့ပြီးနောက် လမ်းမကြီးတနေရာ ရောက်မှ လက်ကိုင်ဖုန်းကို ထုတ်ကာ ရှည်သွယ်သောလက်ချောင်းဖြင့် ခလုတ်တချို့ကို နှိပ်လိုက်ပြီး စာပို့တယ် ။
  စက္ကန့်အနည်းငယ်မှာ ပို့တာရောက်ကြောင်း အချက်ပြတယ် ၊ လျန်ဖုံးကေား လက်ပိုက်ကာ ဓါတ်မီးတိုင်ကို မှီပြီး စောင့်နေတယ် ။
  ဆယ်မိနစ်ကြာပြီးနောက်
  အနီရောင် ပြိုင်ကားတစီးက သူ့ရှေ့မှာရပ်လာခဲ့တယ်၊ ကားအရှေ့ခြမ်းက ခရီးသည်ထိုင်ခုံနေရာက ပြတင်းမှန်ကျလာခဲ့ပြီး အထဲက ကားမောင်းနေသူတဦးကတော့ အနီရောင်ခပ်တောက်တောက်ဆံပင်နဲ့ ညကြီးမင်းကြီးကို နေကာမျက်မှန်နဲ့ ခပ်မိုက်မိုက်စတိုင်ထုတ်ပြနေတာ , သူ နှုတ်ခမ်းထဲမှာ ဆေးလိပ်တလိပ်ခဲထားပြီး တဝက်တော့ သောက်လို့ပြီးထားပြီ စောင့်နေတဲ့ လျန်ဖုန်းကေားကို ကြည့်လိုက်ပြီး သူရယ်ပြရှာတယ် သွားတွေပါပေါ်အောင်ရယ်ပြတာမို့ ဆေးလိပ်ပြာတွေက သူ့ ခေါင်းလူပ်ရမ်းတဲ့အတိုင်း ကျလာတယ် ၊ တက်ကြွတဲ့လေသံက လူအတိုင်းပဲ မော်မော်ကြွားကြွားနဲ့ စည်းမရှိဘူး ။
   " အရူး ၊ တကယ်ကို မင်းပဲ ၊ ကားပေါ်တက် ! "

  * လျန်ဖုန်းကေား 染风歌 ရဲ့ ဒုတိယဖုန်းရဲ့ အဓိပ္ပာယ်မှာ 'လေ'ဖြစ်သည် ၊ သို့သော် အရူး疯နှင့် အသံထွက်တူသဖြင့် ရင်းနှီးလို့ စနောက်ခေါ်ကြခြင်းဖြစ်သည် ။*
  
    ဒီ ချိန်ရှီးလန် , အရင်လို တက်တက်ကြွကြွပဲ ။ လျန်ဖုန်းကေား နှုတ်ခမ်းထောင့်လေး နှစ်ချက်လောက်တွန့်တက်သွားတယ် ၊ ပြီးနောက် ကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်တော့တယ် ။

    " ဒီလောက်နောက်ကျနေပြီ ၊ ငါ့ကိုရှာတာဘာကိစ္စလဲ?"

  " ထျန်လန်ရောက်မှ ပြောတာပေါ့ "
လျန်ဖုံးကေား က ကားပေါ်က ရေဒီယိုကို ဖွင့်လိုက်တယ် ၊ ကျင်ချိုးဟန်ရဲ့ သတင်းလွှင့်နေတာနဲ့ တိုးသွားတယ် ။ သူမျက်မှောင်လေးကြုတ်သွားပြီး ခလုတ်ကို လှည့်လိုက်ပြီး သီချင်းဆိုတဲ့ FMလိုင်းကို ရွေးပြီး ကိုယ်ကို နောက်မှီလိုက်ကာ စိတ်ကို ဖြေချလိုက်တယ် ။

လူစားထိုးWhere stories live. Discover now