033

396 83 0
                                    

  033
      
     ကျားရှိမှန်းသိတာတောင် ကျားတောင်သို့ သွားတယ်။
  
    လန်ခွန်းက လျန်ဖုံးကေားနာမည်ပြောပြတာကို လက်ခံလိုက်ပြီဆိုတော့ လျန်ဖုံးကေားက သူ့ကို သတိပေးစရာ မလိုတော့ဘူး ။လန်ခွန်းလိုလူက အချစ်တွေမေတ္တာတွေ ဆိုတာတွေကို အလေးအနက်ထားမှာ မဟုတ်ဘူး ၊ သူ့နဲ့ အချစ်ကစားပွဲ တပွဲကစားပေးလိုက်တာတောင် နောက်ဆုံးတော့ ကိုယ်ရဲ့ ဆွဲငင်အားဘယ်လောက်မြင့်သလဲဆိုပြီး ဂရုတောင် စိုက်တော့မှာ မဟုတ်ဘူး အဲ့အချိန် ' သရုပ်ဆောင်ကောင်းပြီး လူတွေကို ကစားတတ်တဲ့ body double ' သူ့နှလုံးသားကို ထိခိုက်သွားစေပြီ  ' ဆိုတာတွေ မပြောနဲ့တော့ ဘယ်သူက ဘယ်သူ့ကို ကစားဆိုတာ မသေချာသေးဘူး !

  ဒါကို စဉ်းစားမိတော့ လျန်ဖုံးကေားက သူ့နဲ့ကို ဒီမှာ ဆက်ရူပ်နေဖို့ ပိုစိတ်မပါတော့ဘူး၊ အိမ်ပြန်ပြီးသာ စူးယီမော့ ထိုရေခဲတုံးကို ကြည့်နေရတာ ကောင်းသေးတယ် ။အနည်းဆုံးတော့ ထိုလူကမှ သစ္စာရှိသေးတယ် ၊ အပြင်ပန်းအေးကာ အတွင်းစိတ်က နွေးထွေးတယ် ၊ ချစ်ရသူဒဏ်ရာရတာနဲ့ ဈေးမြင့်မြင့်ပေးပြီး လူစားထိုးငှားကာ ကာကွယ်ပေးတယ် ၊ ဘယ်လိုယှဉ်ယှဉ် လန်ခွန်းထက် သာလွန်းတယ် !

  " ကိစ္စမရှိရင် ငါ သွားတော့မယ် "
လျန်ဖုံးကေားက အနောက်တလှမ်းဆုတ်လိုက်ပြီး ဘေးကနေ ပတ်သွားဖို့ ကြိုးစားတယ် ။

  လန်ခွန်းက လျန်ဖုန်းကော တိတ်ဆိတ်သွားပြီး စကားမပြောကတည်းက သူစဉ်းစားနေတာကို သိပြီး သူနောက်ဆုတ်လိုက်တာနဲ့ ရှေ့ကို ရုတ်တရက် ကပ်လိုက်ကာ သူ့ရဲ့ သွားလမ်းကို ပိတ်လိုက်ပြီး
  " ဘာလို့ ကိစ္စမရှိရမှာလဲ , ကိုယ် မင်းကို စောင့်နေတာ နေ့တဝက်လောက်ရှိပြီ ၊ ကိုယ့်ကို အလကားစောင့်ခိုင်းမလို့လား ? "

  " ဘာကိစ္စရှိသေးလို့လဲ ? ချက်လက်မှတ်က မင်းဖြဲလိုက်တာ ငါ့နဲ့မဆိုင်ဘူး "
လျန်ဖုန်းကေား ဆက်ပြီး နောက်ဆုတ်တယ် တခေါက်မရလည်း သူလက်မလျော့ဘူး လမ်းက တလမ်းတည်းရှိတာမှ မဟုတ်တာ ။

  လန်ခွန်းက တလှမ်းဆက်ကပ်တယ် ၊ နှစ်ယောက်သားရဲ့ လှုပ်ရှားမူက chacha ကကွက်အနှေးနဲ့ တောင်တူလာတယ်
  " ဒီနေရာက ဘယ်နေရာလဲ ? "

လူစားထိုးWhere stories live. Discover now