121

407 70 4
                                    

  074

      လူတယောက်ကို နှစ်သက်ဖို့ အချိန်ဘယ်လောက်လိုမလဲ ?
  
     တချို့ကတော့ အကြည့်တချက်တည်းနဲ့ တဖက်လူက ကိုယ်တသက်လုံးရှာနေတဲ့သူဆိုတာ သေချာနိုင်သလိုပဲ၊ တချို့ကတော့ တသက်လုံး လှည့်ပတ်ရှာနေလည်း အိုမင်းတဲ့အထိအတူနေထိုင်ဖို့ အဖော်ရှာမတွေ့နိုင်နေဘူးလေ ။

  အချစ်ဆိုတာ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ သူနဲ့ တွေ့ကြတာလေ ။

  အချိန်မမှန်ရင် ဒါမှမဟုတ် လူမမှန်ရင် ဒီအတိုင်းအဆုံးသတ်သွားကြမှာပဲလေ ။

  စူးယီမော့ ပြန်လှဲအိပ်လိုက်တယ် အနာကိုထိမိတာကို ဂရုမစိုက်နိုင်ဘူး ၊ အိပ်မောကျနေတဲ့ လျန်ဖုံးကေားကို ရင်ဘတ်ထဲ ထည့်လိုက်တယ် ၊မျက်နှာကလည်း လျန်ဖုံးကေားရဲ့ ငယ်ထိပ်မှာကပ်လိုက်တယ် ၊ သူ တခါမှ ဒီလောက်တည်ငြိမ်စွာနဲ့ လူတယောက်ကို မဖက်ဖူးဘူး တခုခုကို ဆုံးဖြတ်ချက်ချလိုက်သလိုပဲ မျက်လုံးကို အသာမှိတ်လိုက်လေတော့တယ် ။

  ဖုန်းကေား ...ငါ့ကို အချိန်တချို့သာ ထပ်ပေးပါ....

  သူ ရှင်းလင်းရမဲ့ ကိစ္စတွေ အများကြီးအများကြီးပဲ ၊ လူလိမ်လေးရဲ့ ကိစ္စ ၊ကျင်ချိုးဟန်ရဲ့ ကိစ္စ ,ပြီးတော့ ...လျန်ဖုံးကေားရဲ့ကိစ္စ ။

  အမှန်တော့ ၊ စူးယီမော့ကိုယ်တိုင်တောင် သူ မျက်နှာအလွန်များတယ် ထင်မိတယ် ဒါ့ကြောင့် တယောက်တွေ့ တယောက်ချစ်နေတာနေမှာပေါ့ ၊ ဒါပေမဲ့ တကယ် စိတ်တည်ငြိမ်တဲ့အချိန်မှာ ပြန်တွေ့ရှိရတာက သူ ဒီသုံးယောက်လုံးအပေါ်မှာ ခံစားချက်က မတူနေဘူး အားလုံးကို အချစ်လို့ မခေါ်ဆိုနိုင်နေဘူး ။

  လူလိမ်လေး အနေနဲ့ဆို သူ ငယ်စဉ်တုန်းက အဖြူစင်ဆုံးချစ်ခြင်းလေ နှစ်သက်တယ်ဆို နှစ်သက်တယ် ၊ မနှစ်သက်ဘူးဆို မနှစ်သက်ဘူး ၊ ရိုးရှင်းပြီး ဘာအရောအနှောမှ မပါဝင်ဘူး ၊ မေ့မရပဲ သတိတရဖြစ်နေခြင်းသည် လူလိမ်လေးက သူ့ကို ဒီအတိုင်းထားကာ ထွက်သွားတာမို့ သူ့ကို နောင်တတွေ ၊ အပြစ်တင်ခြင်းတွေ ၊ နှမြောတသဖြစ်ခြင်းတွေ ၊ နာကြင်ခြင်းတွေ....ပြောရရင်တော့ ခံစားချက်တွေ ပေါင်းစုံယှက်နွယ်ကာ အချစ်ဦးဆိုတဲ့ပိုက်ကွန်တခုအနေဖြင့် သူ့ကို ချုပ်ထားမိကာ ထွက်လာရ ခက်နေတယ် ။

လူစားထိုးWhere stories live. Discover now