023

446 86 3
                                    

  023
      
       လူပ်ရှားမှုက အတွေးထက်မြန်တယ် ၊ လန်ခွန်း သတိပြန်လည်လာတဲ့အချိန်မှာက သူ အခန်းထဲပြန်ပြီး အဝတ်လဲပြီးသွားပြီ လက်ထဲမှာ နောက်ထပ်သန့်ရှင်းတဲ့ အဝတ်တစ်စုံကို ကိုင်ထားပြီးပြီ၊ ဘယ်လိုကြည့်ကြည့် အနောက်က လိုက်ထွက်သွားတော့မဲ့ ပုံစံပဲ ။

  လျန်ဖုံးကေားက ခြေလှမ်းကို ခက်ခဲစွာလှမ်းနေတယ် ၊ မျက်လုံးမှိတ်ပြီး တရေးလောက် အိပ်ချင်လိုက်တာ .....

  ဒီညက တကယ့်ကို ကိစ္စတွေ တခုပြီးတခု ဆက်ပြီးလာနေတာ ဘာပြင်ဆင်ချိန်မှကို မရဘူး ။

 အစောကတည်းက သိရင် မစပ်စုပါဘူး စပ်စုတာက လူကို သေစေနိုင်တယ်ဆိုတာ တစက်မှကို မမှားဘူး ။ အကယ်၍ အိမ်မှာ လိမ်လိမ်မာမာ အိပ်ပြီး ဘာကိုမှ ဂရုမစိုက်ရင် အခုလို ဖြစ်မှာ မဟုတ်ဘူး ။

 ---သူ့ကို အန်းချန်ရှာတွေ့ပြီး ဒဏ်ရာရတာမပြောနဲ့အုံး ၊ ချိန်ရှီးလန်နဲ့ မီလော့ကို  မမြင်ရတဲ့အန္တရယ်တွေပါ ရှိနေစေတယ်။

 ---ဘာမှ မပြင်ဆင်ရသေးပဲ လန်ခွန်းနဲ့တိုးတယ် ၊ သူက သူ့ကို မမှတ်မိလိုက်ပေမဲ့လည်း လျန်ဖုံးကေားက သူတို့နဲ့ ပတ်သက်မူ မရှိချင်တော့ဘူး ။

  ပြဿဒါးနှစ်ပဲ ပြဿဒါးနှစ် !

  လျန်ဖုန်းကေား စိတ်ထဲကနေ ရေရွတ်နေမိတယ် ဘယ်လိုပြောပြော ဟို ရေခဲတောင်စူးယီမော့ကိုပဲ အပြစ်တင်ရမယ် အကယ်၍ သူက သူ့ကို တာဝန် မပေးရင် သူ အခု ဟာဝါရီပင်လယ်ဘေးမှာ သက်တောင့်သက်သာနဲ့ ဇိမ်ခံနေလောက်ပြီ၊ ဒီလို ရူပ်ရူပ်ယှက်ယှက်နဲ့ ဘယ်တွေ့ရပါမလဲ !

 ကြည့်ရတာ ရှီးလန် အကြံပေးတဲ့အတိုင်း ---ကောင်မလေးရှာပြီး နာမည်ဖျောက်ကာ သာမန်နေ့ရက်တွေကို ဇိမ်ရှိရှိဖြတ်သန်းဖို့ စဉ်းစားရတော့မယ် ။

  " တီးတီး ___"
ကားဟွန်းသံက ကိုယ့်နောက်မှာမြည်လာတယ် လျန်ဖုံးကေား ခေါင်းကို လှည့်ကာ ကိုယ်ကို ဘေးတစောင်းဖြင့် လှည့်ကြည့်လိုက်တယ် လန်ခွန်းရဲ့ အထူးမှာယူထားတဲ့ အပြာရောင်rolls royce ကား က အရှေ့မှာ ရပ်လာပြီး လူက မခြောက်နေသေးတဲ့ ဆံပင်ကို တချက်ခါလိုက်ပြီး၊ ခပ်စိုးစိုးပိုင်ပိုင် လေသံဖြင့်
" ကားပေါ်တက် !  "

လူစားထိုးWhere stories live. Discover now