096

436 86 14
                                    


49

     ခွက်ထဲက ရေက လည်ချောင်းကနေ ဗိုက်ထဲကို စီးဆင်းသွားတယ်၊ ပမာဏကတငုံသာ ဆိုပေမဲ့ ဒီအဆိပ်က ပြင်းလွန်းတာကို လျန်ဖုံးကေား ခံစားမိလိုက်တယ် ! ဗိုက်ထဲမှာ နေလို့မကောင်းတော့ဘူး၊ တဆက်တည်း ရင်ဘတ်အထိ စူးတက်လာတယ်၊ လျန်ဖုံးကေား လက်တုန်ရီစွာဖြင့် လက်ထဲက ခွက်ကို ပစ်ချလိုက်ပြီး ခဏက ပြင်ဆင်ထားတဲ့ နွားနို့ခွက်ထံ လက်ဆန့်လိုက်တယ် ။

  နွားနို့က အဆိပ်တွေကို အတွင်းကလီစာထဲ စိမ့်ဝင်ဖို့ အနည်းငယ် ကာကွယ်ပေးလိမ့်မယ်၊ ဒါ့ကြောင့်လည်း သူ နွားနို့ကို ပြင်ဆင်ထားရခြင်းဖြစ်တယ် ။

  နွားနို့ခွက်ကို မကိုင်မိသေးခင် ကိုယ်တချက်ယိုင်သွားရာ လက်နဲ့ စားပွဲကို ထောက်လိုက်ရာ ထိုနွားနို့ခွက်ကို တိုက်မိပြီး စားပွဲပေါ် ဖိတ်စင်သွားတော့တယ် ။

  လျန်ဖုံးကေားက အသံကြားတာနဲ့ နွားနို့ကို တိုက်မိသွားပြီဆိုတာ သိလိုက်ပြီ ၊ သွားပါပြီဟု စိတ်ထဲက ရေရွတ်မိကာ ရင်ဘတ်ကို အုပ်ပြီး ရေခဲသေတ္တာဘက်ကို သွားလိုက်တယ် ။

  အကြည့်တွေ ဝေဝါးလာပြီး လမ်းတဝက်မှာ လျန်ဖုန်းကေား ထိုင်ခုံနဲ့ တချက်တိုက်မိရာ ကြမ်းပြင်ပေါ် ခပ်ပြင်းပြင်း လဲကျသွားတယ် ၊ ဒီလောက်ပြင်းထန်တဲ့ လှုပ်ရှားမှုကြောင့် သူ့ကို သွေးအန်ထွက်လာစေတယ် !

  လန်ခွန်းတံခါးကို တွန်းပြီး ဝင်လာချိန်မှာ လျန်ဖုံးကေား သွေးအန်ချိန်နဲ့ တည့်တည့်တိုးတာဖြစ်တယ် ! သူ့မှာ လန့်ပြီး မျက်လုံးတွေတောင်ပြူးသွားတယ် ၊ အကြည့်က စားပွဲပေါ်က ခွက်ကို ရောက်သွားတာနဲ့ ဘယ်လိုဖြစ်တယ်ဆိုတာ ခန့်မှန်းမိပြီ !

  ---သူကိုယ်တိုင် အဆိပ်စမ်းသပ်သောက်လိုက်တယ် ?!

  " လျန်ဖုံးကေား ! "
  လန်ခွန်း မျှားကဲ့သို့အရှိန်ဖြင့် ပြေးသွားကာ ဒူးထောက်လိုက်ပြီး လျန်ဖုန်းကေားကို ထူပေးချင်တယ် ။

  လက်ကဆန့်ရုံရှိသေးတယ် လျန်ဖုံးကေားက ခက်ခဲစွာ စကားနှစ်လုံးပြောလာတယ်
  " နွားနို့ --- "

လူစားထိုးWhere stories live. Discover now