003

693 111 5
                                    

003

     ညနေစောင်းမှာ ၊ ဆရာဝန်က အယောင်ပြအဖြစ်လူနာလာကြည့်ပြီး အခန်းတံခါးကို ပိတ်ကာ ထွက်ခွာသွားတော့တယ် ။

  လျန်ဖုန်းကော ဗိုက်ဆာလွန်းလို့ ပြားနေတဲ့ဗိုက်ကို ပွတ်ရင်း သက်ပြင်းအသာလေးချလိုက်တယ် ။
  အခု ဘယ်လိုလုပ်ကြမလဲ ? ဒီတခေါက် လူစားထိုးဝင်ပေးရတာက ဒဏ်ရာပြင်းတဲ့လူနာဆိုတာမေ့သွားတယ် လူနာက မေ့မျော့နေတာမို့ အစားစားစရာမလိုဘူးလေ ၊ ဒါပေမဲ့ သူက မဟုတ်ဘူးလေ ၊ နေ့တိုင်း အားဆေးပဲ သွင်းနေလို့မှ မရတာမဟုတ်လား ?
  လူနာခန်းရဲ့ အပြင်မှာ လက်မလျော့သေးတဲ့ သတင်းထောက်တွေ စောင့်နေသေးတာမို့ လစ်ထွက်ပြီး အစားသွားစားလို့ကလည်း မရဘူး ။
  
     တွက်ချက်ထားတာ မှားလေခြင်း မှားလေခြင်း !
  
    သေနတ်ဒဏ်ရာ သုံးချက်ထိထားတာမို့ အနည်းဆုံး ဆယ်ရက် မဟုတ်ရင် လဝက်လောက်တော့ မေ့မျော့ရမှာပေါ့ ဒီဆယ်ရက်လုံးကို ဒီအတိုင်းဖြတ်သန်းရမှာလား ? !
 ‌‌** , ငှားရမ်းခကဈေးကြီးလဲ ဘာထူးလဲ ?! ဗိုက်အဟာလိုက် နေနေရတာပဲမလား ?!
  လျန်ဖုန်းကော စိတ်ထဲနေ မကျေနပ်မူတွေပြောနေပြီး အသက်ဝဝတချက် ရူလိုက်ကာ မံမီရုပ်လို ဆက်နေနေတော့တယ် ။
  
   သုံးရက်နောက်မှာမှ မျှော်နေတဲ့ လူနာလာကြည့်သူကို တွေ့ခွင့်ရတော့တယ် ။
 စူးယီမော့လည်း သရုပ်ဆောင်ဖို့ ပါရမီပါတာပဲ ဆရာဝန်က လူနာကို ဝင်ကြည့်လို့ ရပြီပြောတာနဲ့ အမြဲအေးစက်စက်ဖြစ်နေတဲ့ မျက်နှာပေါ်မှာ တွေ့ရခဲတဲ့စိတ်လူပ်ရှားမူကို တွေ့လိုက်ရတယ် ။

   စူးယီမော့ အခု  လူနာကုတင်ရှေ့မှာ ထိုင်နေပြီး လက်ကိုဆန့်ထုတ်ကာ လျန်ဖုန်းကေားရဲ့ အပ်တွေစိုက်ထားလို့ စိမ်းညို့ကာဖူးယောင်နေတဲ့ လက်ကို လုံးဝတွန့်ဆုတ်ခြင်းမရှိပဲ သူ့ရဲ့မျက်နှာပေါ် အပ်ထားပြီး မေတ္တာတရားတွေ နက်ရှိုင်းပုံကို ပြနေတယ် ။
  လက်အကိုင်ခံလိုက်ရတုန်းက လျန်ဖုန်းကေား ကြက်သိမ်းတွေ တဖြန်းဖြန်းထပြီး လက်ကို ပြန်ဆွဲထုတ်ချင်တာ စူးယီမော့က လက်အားရှိရှိနဲ့ ပြန်ဆွဲထားပြီး မျက်ထောင့်ကပ်ကြည့်ပြီး သတိပေးလို့သာပေါ့ ။

    လျန်ဖုန်းကောက မျက်လုံးကို မှေးမှေးလေးဖွင့်လိုက်ပြီး စူးယီမော့ကို ‌စိတ်တိုသောအကြည့်ဖြင့် ပြန်ကြည့်လိုက်တယ် ---မင်းဘာလုပ်တာလဲ ? သတင်းထောက်တွေ မြင်မှာမကြောက်ဘူးလား ?
   စူးယီမော့ အကြည့်တွေကတော့ တည်တည်ငြိမ်ငြိမ်ပဲ ----သတင်းထောက်တွေကို လုပ်ပြတာလေ ။ မင်း ငြိမ်ငြိမ်လေး လှဲနေ လျှောက်မလှုပ်နဲ့ ၊ သံသယဝင်ကုန်မယ်။
     လျန်ဖုန်းကော မျက်ဖြူလှန်ပြလိုက်တော့ စူးယီမော့က သူ့လက်ဖဝါးကို ညှစ်လိုက်တယ် သဘောက သူ့ကို နိုးထလာတဲ့ လူပ်ရှားမူမျိုးတွေ မလုပ်ပါနဲ့ပေါ့ ။

 " ငါဘယ်အချိန်ထိ ဟန်ဆောင်ပြီးမှ နိုးထလာလို့ရမှာလဲ ? "
လျန်ဖုန်းကေား မအောင့်နိုင်တော့ဘူး မျက်လုံးမှိတ်လိုက်ပြီး နူတ်ခမ်းကို အသက်ရှုလိုက်လို့ ဟသွားသလို ပိတ်သွားသလို လုပ်ရင်း အသံတိုးဖြင့် ပြောလိုက်တယ် ၊ သူ့စကားပြောမှန်း မသိအောင်ပေါ့ ၊ ဒါကြောင့် အသံက ဝေဝေဝါးဝါး ဖြစ်နေကာ
" ဒီရက်ပိုင်း ငါ အကြောဆေးပဲ သွင်းနေရတာ ဗိုက်ဆာလို့ သေတော့မယ် ငါက ပုံမှန်လူလေ ၊ တကယ့်လူနာမဟုတ်ဘူး ! ဒီအကြောဆေးသွင်းရုံနဲ့ ငါ အခြေခံလိုအပ်ချက်တွေ မပြည့်စုံနိုင်ဘူး ! "

 စူးယီမော့ ကြောင်သွားတယ် ၊ ဒီအသံက...

 ဟုတ်တယ် ၊ လျန်ဖုန်းကေား က စကားပြောတဲ့ အချိန်မှာ ကျင်ချိုးဟန်လေသံနဲ့ပြောလိုက်တာဖြစ်တယ် ၊ အခုက ကျင်ချိုးဟန်ကို ဟန်ဆောင်ရတာဆိုတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် သံသယမဝင်‌ရအောင် ကြိုးစားရမှာပေါ့ ။ ဒါကြောင့်စကားပြောတာကလည်း ချွင်းချက်ထားခဲ့လို့မရဘူးလေ ။

   "တရက်တော့ ထပ်သည်းခံလိုက် ၊ ဒီည ငါမင်းကို စားဖို့ ယူလာပေးမယ် "
စူးယီမော့က လျန်ဖုန်းကေား ရဲ့လက်ကို နှုတ်ခမ်းနားကပ်ပြီး နမ်းသလိုလုပ်ကာ စကားပြောလို့ နှုတ်ခမ်းလူပ်တာကို ကာထားလိုက်တယ် ။

    လျန်ဖုန်းကော က ပျော့ပြောင်းနွေးထွေးသော အထိအတွေ့ကြောင့် လက်ပြန်ရုပ်ချင်မိတာမို့ စူးယီမော့က အကြည့်စူးစူးနဲ့ စိုက်ကြည့်လာတယ် ----ထပ်လှုပ်ရင် ည စားစရာမရှိတော့ဘူး !

    လျန်ဖုန်းကေား ဆက်မလှုပ်ရဲတော့ဘူး လက်ဖမိုးကို ငြိမ်ငြိမ်လေးပေးနမ်းနေစေလိုက်တယ် ၊ စိတ်ထဲမှာတော့ ဆဲနေပြီ ----f***! ဒီတခေါက် လက်ခံလိုက်တဲ့ အလုပ်က တကယ်ကို ကံဆိုးတာပဲ မံမီလို သရုပ်ဆောင်ရပါတယ်ဆို ချစ်သူကပါ သရုပ်ဆောင်ရသေးတယ် ပေါ်ပေါ်တင်တင် အသားယူခံနေရတယ် ! မရဘူး ! ငါ သရုပ်ဆောင်ခ ပိုယူရမယ် ၊ ငွေအများကြီး ပိုပိုပေးရမယ် !

  

  

လူစားထိုးWhere stories live. Discover now