084

453 82 3
                                    


37

      လက်ထဲကိုင်ထားတဲ့အရာက ပါးပါးပျော့ပျော့နဲ့ ဘာနဲ့လုပ်ထားမှန်းမသိတဲ့ပစ္စည်း လျန်ဖုံးကေားညှစ်ကြည့်လိုက်သော ကပ်စေးစေးဖြစ်နေတယ် ဂျုံလုံးကြနေတာပဲ ဒါပေမဲ့ ဂျုံလုံးမဟုတ်တာတော့ သေချာတယ် .....

  လက်မြှောက်ပြီး ခပ်ဝင့်ကြွားကြွားဖြစ်နေတဲ့အမျိုးသားမျက်နှာပေါ်မှာ သွားဆွဲဆုတ်မိလိုက်တယ် ၊ ဆွဲချလို့မရတာတွေ့လိုက်ရတော့ လျန်ဖုံးကေား ခေါင်းလေး စောင်းသွားကာ နားမလည်သောပုံက အတော်ချစ်ဖို့ကောင်းတာလေ ။ သူ မျက်လုံးလေးမှေးချလိုက်ပြီး ၊ ဆက်ဆွဲတယ် .....

  အမျိုးသားမှာ သူဆွဲဆုတ်လို့ အတော်နာကာ ကျွတ်ပင်ထွက်တော့တယ် ၊ သူ့လက်သေးသေးလေးကိုစုပ်ကိုင်ကာ မျက်နှာငယ်ဖြင့် ပြောတယ်
  " မဆွဲတော့နဲ့ , ဒီမျက်နှာက ငါ့မျက်နှာအစစ်ပါ ၊ ဆွဲချမရဘူး "

  လျန်ဖုံးကေားက မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် ထိုအမျိုးသားကို မေးခွန်းထုတ်တော့တယ်
  " ဒါဆို ဦးက သားလိုမျက်နှာ တပုံစံတည်း ပြောင်းနိုင်လား ? "

  အမျိုးသားက ဝင့်ကြွားကြွားဖြင့်
  " ရတာပေါ့ ! "

  " ဒါဆို ပြောင်းပြလေ "
လျန်ဖုံးကေား ကလေးသံဖြင့် ခိုင်းစေနေတော့တယ် ။
  
    " အင် ...."
ထိုအမျိုးသားခေါင်းလေးကုတ်ကာ
  " ဒါတော့ အနည်းငယ်ပြင်ဆင်ပြီးမှ ရမှာ ...."

  " ဘာပြင်ဆင်ရမှာလဲ ? "
လျန်ဖုံးကေား နားမလည်ဘူး ။
  
     အမျိုးသားကပြောတယ်
  " ပစ္စည်းတချို့တို့ ဘာတို့ပေါ့ "
  
     " ရော့ , ဒါနဲ့ကော "
လျန်ဖုံးကေားလက်ထဲက ထိုအမျိုးသားခဏက ခွာချလိုက်တဲ့ မျက်နှာအရေပြားကို ထိုးပေးလိုက်တယ်
   " ပြောင်းလေ ! "
  
     အမျိုးသားခေါင်းမှာ မျဥ်းမဲတွေပြေးသွားတယ်...
  
  " ဒါဆို ဦးက သိပ်မတော်သေးပါဘူး "
  လျန်ဖုံးကေား ကောက်ချက်ချကာ လှည့်ထွက်တော့မယ်။

  အမျိုးသားက သူ့ကို အမြန်ဆွဲထားပြီး
  " ဟေ့ ကောင်လေး ၊ မသွားနဲ့အုံး ! ငါတို့ နေစရာအရင်ရှာရအောင်လေ ၊ ကောင်းပြီလား ? "
  
    " ....ဟင့်အင်း "
လျန်ဖုံးကေား ငြင်းဆန်ဆဲပဲ
  " အကယ်၍ ဦးက လူကုန်ကူးတဲ့သူဆို ဘယ်လိုလုပ်မလဲ ? "
  
   အမျိုးသား မျဉ်းမဲတွေဆက်ပြေးတယ်....
  
     " သားလည်း သွားစရာနေရာမှမရှိတာ ၊ ဦးနဲ့လိုက်ခဲ့ပေါ့ ! ဦး တကယ်မညာဘူး ၊ သားတယောက်တည်း လျှောက်သွားနေမှ တကယ့် လူကုန်ကူးနဲ့တွေ့ရင် ပိုဒုက္ခရောက်မယ်နော် ! "
   ထိုအမျိုးသားက ခြောက်ပြော ချော့ပြော လုပ်နေတယ် ။
  
      လျန်ဖုံးကေား နှုတ်ခမ်းလေးမဲ့သွားကာ
  " သားတယောက်တည်းမှန်း ဘယ်လိုသိလဲ ? သားမှာ အိမ်သားရှိတယ် ၊ သူတို့ အမြန်ဆုံး....."
  
      " မအနဲ့ , သူတို့ မပြန်လာတော့ဘူး ! ဦး မြင်တယ်လေ ၊ သူတို့က သားကို တမင်ချန်ထားခဲ့တာ ! "
   ထိုအမျိုးသားက လွတ်ခနဲ ပြောထွက်မိသွားတယ်
  ပြောပြီးမှ မပြောသင့်မှန်း အထိတ်တလန့်ခံစားမိလိုက်တယ် ။

လူစားထိုးWhere stories live. Discover now