038

399 76 0
                                    

  038

    မင်းသမီးလို အကကဖို့ ဖိတ်ခေါ်ခံလိုက်ရတာကို စူးယီမော့ သိပ်မကျေနပ်ဘူး သူလက်ဆန့်ပြီး လျန်ဖုံးကေားရဲ့လက်ပေါ် ထပ်လိုက်ပြီးနောက် သူက လျန်ဖုံးကေားကို ဖိတ်ခေါ်တဲ့ပုံအဖြစ် လက်ကို ပြောင်းဆုပ်လိုက်ပြီး ထရပ်ကာ လျန်ဖုံးကေားနဲ့အတူ ရပ်လိုက်တယ်  လျန်ဖုံးကေားထက် သာလွန်သော အရပ်အမြင့်ကြောင့် ကျေနပ်သောအပြုံးပါးပါး ပေါ်လာခဲ့တယ် ---မင်းသမီးကတော့ မင်းသားထက်ပိုမမြင့်နိုင်ဘူးမလား ? ဒါ့ကြောင့် အကကရမယ်ဆို မိန်းကလေးခြေကွက်တွေကို လျန်ဖုံးကေားကို ကခိုင်းလိုက်မယ် ။

  " Waltz or tango? "
     *walt , ငြိမ့်ငြိမ့်ညောင်းညောင်း ကရသောစုံတွဲအက
     * tango , စည်းချက်မြန်မြန်နဲ့ ကရသော စုံတွဲအက

လျန်ဖုန်းကေားက စူးယီမော့ရဲ့ လှည့်လိုက်တာကို သိတယ်လေ သူ မမှုသလိုဖြင့် ပြုံးကာ အကရွေးချယ်ခွင့်ကို စူးယီမော့ကို ပေးလိုက်တယ်

  " tango "

  " ကောင်းပြီ ၊ မင်း အဲ့တာကို ရွေးမယ်ဆိုတာ သိသားပဲ "
ပြောလို့မပြီးသေးဘူး ခဏက ဖွင့်‌ထားတဲ့ ကျင်ချိုးဟန်ရဲ့ သီချင်းသံစဥ်အဆုံးက ပြီးသွားကာ ဆက်ပြီး နောက်တပုဒ်ရဲ့ သံစဉ်က စထွက်လာပြီ ၊ကွက်တိကို နာမည်အတော်ရှိတဲ့ tango သီချင်းတပုဒ် --- LaCumparsita ။

  အရင်ဆုံး ငြိမ့်ငြိမ့်ညောင်းညောင်းသံစဉ်ထွက်လာပြီးနောက် သံစဉ်တဖြည်းဖြည်း ပြင်းလာတယ် ၊ ခပ်ဖြည်းဖြည်းယဉ်ယဉ် ကနေရာကနေ တဖြည်းဖြည်း အရိုင်းဆန်လာခဲ့တယ် ၊ လျန်ဖုန်းကေား ကိုယ့်ကရတဲ့ကကွက်က အမျိုးသမီးကကွက်ဖြစ်တာကို စိတ်ထဲမထားဘူး ၊ သူက ‌ကကွက်တွေကို စူးယီမော့နဲ့ ယှဉ်ကလို့ရအောင် ပေါက်ကွဲမှုအားပြောင်းလို့ရတယ်လေ ။

  ကနေတဲ့အချိန်အတွင်း ကိုယ်ခန္ဓာတွေက ထိခိုက်ပွတ်မိတာတို့ရှိမယ် ၊ ပေါင် ခြေသလုံး , ခါးနဲ့ ရင်ပတ် ၊ ပြီးတော့ မျက်လုံးချင်းဆိုင်အကြည့်တွေအားလုံးက သီချင်းထဲကအချစ်တွေကို အဓိပ္ပာယ်တွေပြည့်ပြည့်ဝဝဖော်ပြနိုင်တယ် ။

လူစားထိုးWhere stories live. Discover now