101

873 109 20
                                    

  

  054

      " ဘာအဓိပ္ပာယ်လဲ ? " လျန်ဖုံးကေား မျက်လုံးပင့်မိတယ် ။

  " အဓိပ္ပာယ်က ...."
   လန်ခွန်းက အသံနိမ့်နိမ့်ဖြင့်သာ စကားဆက်တယ်
  " မင်း ဘယ်သူလဲဆိုတာ ငါသိပြီ "

  လျန်ဖုံးကေား ရင်ထဲထိတ်သွားပေမဲ့ အပေါ်ယံကတော့ မတုန်မလှုပ်နဲ့ လန်ခွန်းကိုတောင် ခပ်စစပြန်ကြည့်ရင်း
" အော် ? ဒါဆိုမေးပါရစေ ---ငါ ဘယ်သူလဲ ? "

  " ငါ့ ရင်ထဲက လူပေါ့ "
   လန်ခွန်းပြုံးနေပုံက အကြံပါပါနဲ့ ။

  လျန်ဖုန်းကေားလည်း ပြုံးကာ
  " ခပ်မြင့်မြင့် ခွန်းသခင်လေးက ဘယ်အချိန်တုန်းက ကျွန်တော့်လို သေးသေးနုတ်နုတ်လူသားကို တိတ်တဆိတ်ချစ်မိသွားတာကို ....ကျွန်တော်မသိလိုက်ရပါလား ? "'

  " ဟိုး အစောကတည်းကလေ ၊ တိတ်တဆိတ် မဟုတ်ဘူး ၊ ပွင့်ပွင့်လင်းလင်းပါ "
   လန်ခွန်း အမှားကို ပြင်ပေးရင်း
   " ပြီးတော့ မင်းက သေးသေးနုတ်နုတ်လူ မဟုတ်ပါဘူး , ကိုယ့်မျက်စိထဲမှာ မင်းက အထူးခြားဆုံးပါ ! "

  လျန်ဖုံးကေား က လန်ခွန်း အလွယ်တကူပြောထွက်လာတဲ့စကားကို နားထောင်ရင်း ရယ်မရငိုမရဖြစ်နေတယ် ၊ ဒါပေမဲ့ သူ့နဲ့ မဝေ့ဝှိုက်နေတော့ပဲ တခါတည်း အပြတ်ဖြတ်တော့တယ်
  " မင်း ‌ဘာပြောနေလည်း ငါ မသိဘူး "

  " မင်း သိပါတယ် "
  လန်ခွန်း အပြုံးတွေပြန်သိမ်းပြီး တည်တည်တံ့တံ့ဖြင့် ပြန်ပြောတယ်
   " မင်း သိပါတယ် "

  အကြည့်ချင်းဆုံလိုက်တော့ တဖက်က မီးတောက်လိုတက်ကြွနေပြီး တဖက်က ရေခဲလို တည်ငြိမ်နေတယ်။

  လန်ခွန်း အရင်ဆုံး အကြည့်ကို ပြန်သိမ်းကာ သက်ပြင်းချမိတယ်
  " ကိစ္စမရှိပါဘူး ၊ မင်းအခု ဝန်မခံလည်း မင်းက ကိုယ်ရှာတဲ့ သူမှန်းသိရင် ရပြီ "

  လျန်ဖုံးကေားက သူသေချာနေတာကို ဖြတ်ပြောတယ်
  " ငါကမင်းရှာတဲ့သူမှန်း.... မင်းဘယ်လိုလုပ် သေချာနိုင်တာလဲ ? ငါက မင်းကို တကယ်တကယ် မသိဘူး ၊ ပြောတာတမျိုးလုပ်တာတမျိုးနဲ့ လူကို မသိနိုင်ဘူး "

လူစားထိုးWhere stories live. Discover now