029

440 85 0
                                    

  029

     ဆယ်ရက်နောက်တွင်

  လျန်ဖုံးကေားရဲ့ ဒဏ်ရာက စကျက်နေပြီ ၊ ပြင်းထန်တဲ့ လူပ်ရှားမှုသာ မလုပ်ရင် ဘာမှမဖြစ်လောက်တော့ဘူး ။

  စူးယီမော့ အစတုန်းကတော့ မူလက သတ်မှတ်ထားတဲ့ သတင်းစာရှင်းလင်း‌ပွဲကို ရက်ပြောင်းပေးချင်တယ် ၊ ဒါပေမဲ့ ဟိုနေ့က ဦးနှောက်ထဲက ထွက်လာတဲ့ စိတ်ဝင်စားမူ အညွန့်တခုကို ချေဖျက်ခဲ့ပြီးနောက် စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ် ။
  လျန်ဖုံး‌ေကားအတွက် သူ စဉ်းစားပေးစရာအကြောင်းမရှိဘူး။

  လျန်ဖုံးကေား မနက်အစောကတည်းက သန့်စင်ခန်းထဲတွင် အလုပ်ရှုပ်နေတယ် ။

  မျက်နှာသစ်စင်ပေါ်တွင် ဘူးတွေ ပုလင်းတွေ တင်ထားပြီး လျန်ဖုံးကေားက ဖြတ်လတ်သောလက်ချောင်းများဖြင့် အရောင်စုံပါသောဘူးထဲကနေ လိုအပ်တဲ့အရာကို ဖန်တီးနေတယ် ၊ သေချာအာရုံစူးစိုက်ပြီးနှစ်ဝင်လုပ်ဆောင်နေတာမို့ စွဲမက်စရာ အရိပ်ကလေး သန်းနေတယ်။

  စူးယီမော့ က အပေါ်ထပ်တက်ပြီး သူ့ကို ရှာတဲ့အချိန်တွင် ဒီလို‌အ‌နေအထားကို တွေ့လိုက်တာဖြစ်တယ် ၊ သို့သော် စိတ်ထဲ ကြိုပြင်ဆင်ထားတာကြောင့် သူငေးမနေမိပဲ အမြန်ဆုံး အကြည့်ကို သိမ်းလိုက်ကာ ပျင်းရိရိလေသံဖြင့် မေးတယ်
   " ပြီးပြီလား ? "

  လျန်ဖုံးကေားက ပြုလုပ်လို့ပြီးသွားတဲ့ မျက်နှာဖုံးခပ်ပါးပါးကို ယူလိုက်ပြီး မှန်ကို ကြည့်ပြီး ကိုယ့်မျက်နှာပေါ်ကို ကပ်လိုက်တယ်
   " ပြီးတော့မယ် ငါ့ကို တမိနစ်ပဲစောင့် "

  " အဲ့လိုပဲ ကပ်ထားတာ ၊ ချွေးထွက်တာဖြစ်ဖြစ် လူနဲ့တိုက်မိတာဖြစ်ဖြစ် ကွာကျလာမလား ? "
  စူးယီမော့ တံခါးဘောင်ကို မှီလိုက်ပြီး တဖက်သူကို လှမ်းကြည့်ကာ သိလိုစိတ်ဖြင့် မေးလိုက်တယ် ။

  လျန်ဖုံးကေားက မျက်နှာဘေးကို တခုခုသေချာသုတ်နေရင်း ပြန်ဖြေတယ်
  " မဖြစ်ဘူး ၊ ခပ်ပြင်းပြင်း အထိုးခံရတောင် မကွာကျနိုင်ဘူး ။ မမေ့ပါနဲ့ ငါက professional ! "

လူစားထိုးWhere stories live. Discover now