043

372 74 0
                                    

  043

      လျန်ဖုံးကေား ခေါင်းမော့ပြီး အပြင်က ကောင်းကင်ကို ကြည့်လိုက်တယ် ---အလင်းထွက်စပြုနေပြီ ---မိုးလင်းတော့မယ် ။

  သူငယ်ချင်းနှစ်ယောက်ဘေးနားသွားပြီး အိပ်မောကျနေသော ချိန်ရှီးလန်ကို တွန်းလှုပ်လိုက်ပြီး
  " အားရှီ ၊ ထထ ၊ ငါ သွားတော့မယ် "

  ချိန်ရှီးလန့်ဖြန်ပြီး ထခုန်လာတယ် ၊ မီလော့က သူ့ပုခုံးမှာမှီအိပ်နေတာမို့ သူ့ရဲ့ ရုတ်တရက်လှုပ်ရှားမှုကြောင့် ဆိုဖာပေါ်မှာ လိမ့်သွားပြီး နိုးသွားတယ် ။ သူမ ခေါင်းကိုအုပ်ကာ တကျွတ်ကျွတ်နဲ့ ထိုင်လိုက်ပြီး

     " ချိန်ရှီးလန် ၊ မင်း အသာလုပ်လို့မရဘူးလား ? ငါ့ကို တိုက်မိပြီ ! "

  ချိန်ရှီးလန် အမြန်ကပ်သွားပြီး သူမရဲ့တိုက်မိတဲ့‌နေရာကို နမ်းလိုက်ပြီး ချော့တယ်
  " sorry မိန်းမ ၊ လာလာ နမ်းလိုက်ရင် မနာတော့ဘူး "

  " သွားစမ်းပါ ! "
မီလော့ လက်ဖဝါးဖြင့် ချိန်ရှီးလန်ရဲ့မျက်နှာကို တွန်းဖယ်လိုက်တယ် ။

  လျန်ဖုံးကေားက သူတို့ကို ရယ်ချင်ချင်ပုံဖြင့် ကြည့်နေတယ် ၊ မျက်လုံးရဲ့ အပြုံးကတော့ ပိုပီပြင်နေတယ် ရောင်းရင်းနှစ်ယောက်လုံး ဒီလိုပဲ အမြဲစိတ်ချမ်းသာနိုင်သွားပါစေ ၊ သူလည်း သူတို့အတွက် ဝမ်းသာပေးတယ်။

  ချိန်ရှီးလန် အပေါ်ထပ်ယူလိုက်ပြီး အားနာသလိုလိုဖြင့် နှာခေါင်းပွတ်လိုက်ပြီးနောက် လျန်ဖုံးကေားကို ပြောတယ်
   " မင်းသွားတော့မှာလား ? ငါပို့ပေးမယ်လေ ! "'

  " မလိုဘူး ၊ ငါ taxiပဲစီးသွားမယ် မင်းတို့ငါ့ကို တညလုံး အဖော်လုပ်ထားတာ အိမ်ပြန်ပြီး ကောင်းကောင်းအိပ်! "
  လျန်ဖုံးကေား အသာငြင်းလိုက်တယ်။

  ချိန်ရှီးလန်က မီလော့ကို ကြည့်လိုက်တယ် ၊ နှစ်ယောက်လုံး မနေ့ညက ကြံရွယ်ထားတာကို မမေ့ဘူး ဒါနဲ့ပဲ အတင်းမပြောတော့ပဲ ခပ်တည်တည်ဖြင့်
  " ဒါဆိုကောင်းပြီ ၊ ကိစ္စရှိရင် ဖုန်းနဲ့ ထပ်ဆက်သွယ်လိုက်လေ bye bye "

လူစားထိုးWhere stories live. Discover now