022

426 82 0
                                    

  022

        လျန်ဖုံးကေား ပြတ်သားစွာနဲ့ လျှာကိုကိုက်ဖောက်လိုက်တယ် နာကျင်မှုက သူ့ရဲ့ အာရုံကြောကို သွားနှိုးဆွတာမို့ ထုံဆေးအရှိန်အောက်မှာ သူ့ မမေ့လဲသွားတော့ဘူး ။ သူ အားသုံးကာ လန်ခွန်းရဲ့ ပုခုံးကို တွန်းလိုက်ပြီး အတင်းပြောဆိုတယ်

" လူကြီးမင်း ၊ ကျွန်တော်ကို ချပေးပါ ၊ ကျွန်တော့် ဖာသာ ကျွန်တော် သွားနိုင်တယ် "
  လက်ထဲမှာက ဗိုက်က စီးလာတဲ့ သွေးတွေ ရှိနေတယ် ဒီလိုတွန်းလိုက်တော့ လန်ခွန်းရဲ့ ပုခုံးပေါ်မှာ သွေးလက်ရာတခု ကျန်နေခဲ့တယ် ။

  လန်ခွန်း ခြေလှမ်းတွေ မရပ်ဘူး ၊ သူမျက်လွှာကို အသာလေးချကာ အတင်းတောင့်ခံနေတဲ့ လျန်ဖုံးကေားကို ကြည့်ရင်း အတော်ကြာမှပြောတယ်
" ဒီလိုအချိန်မှာ ရဲတိုင်ပြီး ဆေးရုံသွားရမှာ မဟုတ်လား ? "

  လျန်ဖုံးကေား စိတ်ထဲမှာ ထစ်ကနဲ ဖြစ်သွားပြီး မျက်နှာပေါ်မှာတော့ တည်ငြိမ်စွာနဲ့
" သတိပေးတာ ကျေးဇူးပါ ၊ ကျနော် လုပ်လိုက်ပါမယ် "
ပြောပြီးတာနဲ့ လန်ခွန်းရဲ့ ပုခုံးပေါ်က သွေးလက်ရာကို မတတ်သာစွာကြည့်လိုက်ပြီး ၊ လျန်ဖုံးကေား  ဒုတိယတခေါက် ထပ်မတွန်းနိုင်တော့ဘူး ထို့ကြောင့် ကိုယ်ကို လှုပ်ရမ်းပြီးသား
" ကျွန်တော့်ကို ချပေးပါ ! "

  လန်ခွန်းက လျန်ဖုံးကေားကို စက္ကန့်အနည်းငယ်ကြည့်ပြီးနောက် သူ့စကားအတိုင်း ချပေးလိုက်တယ် ။

  ကြိုးရှည်ရှည်လှန်တဲ့အကွက်လား ....တကယ့် ကလေးအကွက်တွေ !

  မြေပေါ်ခြေကျတဲ့အချိန် တချက်မူးသွားပြီး ဗိုက်က ဒဏ်ရာက လူပ်ရှားမှုကြောင့်နာသွားတယ် ဒါ‌ပေမဲ့ ထုံဆေးရဲ့ အရှိန်ကြောင့် ခံနိုင်နေသေးတယ် ။ ဒီအချိန်မှာ လျန်ဖုံးကေားက အန်းချန်ကို ကျေးဇူးမတင်လို့မရတော့ဘူး မဟုတ်ရင် ဒဏ်ရာရဲ့အနာက သူ့တော်တော်ကိုခံရမှာလေ ။

 လျန်ဖုံးကေား ဒဏ်ရာကို အုပ်ကာ ယိုင်လဲတော့မဲ့ ခန္ဓာကိုယ်ကို ကြိုးစားပြီး ငြိမ်အောင်ရပ်လိုက်ကာ လန်ခွန်းကို  လေးနက်စွာပြောလိုက်တယ်
  " ခင်ဗျားရေစိမ်တာကို အနှောက်အယှက်ပေးမိတာ ကျွန်တော် အလွန်အားနာပါတယ် ။ ပြီးတော့ ...မင်းကိုယ်ပေါ်က သွေးက တခေါက်ထပ်ပြန်သွားစိမ်လို့ရ ...."

လူစားထိုးWhere stories live. Discover now