047

385 80 0
                                    

  047

" ပြောရရင် ---ငါ က မင်းမှမဟုတ်ပဲ ၊ မင်းလောက် မပြောင်းလဲနိုင်ဘူး ! "

  သဘောကတော့ ---ငါကမင်းမဟုတ်ဘူး ၊ မင်းက မတူတဲ့သူတွေနဲ့ ရောထွေးယှက်နေတာကို မျက်မှောင်တောင်မကြုတ်ဘူး ၊ ငါက မရဘူး !

  ဒီစကားက လျန်ဖုံးကေားရဲ့နှလုံးကို မြှားနဲ့ ပစ်ခွင်းလိုက်သလိုပဲ ။

  " ဟုတ်တာပဲ ၊ မင်းတို့ ဒီလို သာမာန်လူသားတွေက ဘယ်လိုလုပ် body double ရဲ့ အမြင့်ဆုံးlevel ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ ? "

      လျန်ဖုံးကေား နှုတ်ခမ်းခပ်စေ့စေ့ရယ်နေတယ် ။ ခဏမှာတော့  သတိပေးနေတဲ့ မျက်နှာထားပြောင်းကာ
  " ငါတို့ body double ရဲ့ ထောင်သောင်းချီတဲ့ ပြောင်းလဲနိုင်မှုကြောင့် မင်းတို့ တန်ဖိုးထားတဲ့သူတွေ အန္တရယ် ကင်းနိုင်တာလေ ! ဒါ့ကြောင့် , နောက်ကို ဒီစကားလိုမျိုးပြောမယ်ဆိုရင် ကျေးဇူးတင်တဲ့ လေသံနဲ့ပြောပါ ! "

  " ပြောတာ နားထောင်လို့ကောင်းသားပဲ ၊ မင်းတို့ က မြင့်မားတဲ့ ငှားရမ်းခ ယူတာ မဟုတ်လား ? ဘာလဲ အဲ့ဒါ မလောက်သေးဘူးလား ? "
စူးယီမော့ လှောင်ပြောင်ပြောဆိုတယ်
  
    လျန်ဖုံးကေားက ငှားရမ်းခမြင့်မြင့်ယူထားပြီး လေးစားမှုပါ ရချင်သေးပုံကြနေတာပဲ ။

  လျန်ဖုံးကေားအပြုံးပျောက်သွားပြီး ပြန်ပြောလေတယ်
  " ငွေရှိတယ်ဆိုပြီး လုပ်ချင်တာ လုပ်လို့ရမယ် မထင်နဲ့ ! တရက်ကျရင်တော့ ၊ မင်းတွေ့လိမ့်မယ်၊  ဒီလောကမှာ ၊ မင်း ပိုက်ဆံနဲ့ ဝယ်မရတဲ့ ပစ္စည်းရှိတယ် !"

  စူးယီမော့ တိတ်ဆိတ်သွားပြီး နောက်ဆုံး လျန်ဖုံးကေားနဲ့ ဒီပြဿနာကို ထပ်မပြောချင်တော့တာမို့
  " အားရှီးလို့ခေါ်တဲ့ မင်းသူငယ်ချင်းတယောက် ဖုန်းဆက်လာသေးတယ် ငါကိုင်လိုက်တယ် "

  လျန်ဖုန်းကေား ဒေါသပါပါးထွက်တဲ့မျက်နှာထားဖြစ်သွားတယ် ပြီးမှ ပြုံးသလိုမပြုံးသလိုလိုမျက်နှာနဲ့ စူးယီမော့ကို စိုက်ကြည့်နေပြီး
  " လတ်စသတ်သော boss က privacy ဆိုတာဘာလဲ နားမလည်တာပဲ ။ အင်းပါ ဒါဆိုရင်တော့ နောက်တခေါက် ငါ ကျင်ချိုးဟန်ကိစ္စကို ထပ်စုံစမ်းရင် ခွင့်လွှတ်ပေးလို့ရတယ်ပေါ့ ဟုတ်လား ? "

လူစားထိုးWhere stories live. Discover now