050

468 80 0
                                    

  003
   
        လျန်ဖုံးကေား လက်ကောက်ဝတ် အနည်းငယ်လှန်လိုက်ချိန်မှာ လက်ပတ်ကနေ ဓါးတိုလေးလက်ဖဝါးထဲကျလာခဲ့တယ် သူ‌ ကိုယ်ကို ဘေးစောင်းပြီး နောက်တလှမ်းဆုတ်ကာ ဓါတ်လှေကားရဲ့ ထောင့်တနေရာမှာ ရပ်နေပြီး ဓါတ်လှေကားရဲ့ အပေါ်ထွက်ပေါက်ကို အာရုံစူးစိုက်ပြီးကြည့်နေတယ် ။

  " ခလောက် --" ဆိုတဲ့အသံထွက်လာတာနဲ့ အလင်းက ဝင်လာခဲ့တယ် ၊ ထိပ်က ထွက်ပေါက်က ပွင့်လာတယ် ။

     လျန်ဖုံးကေား အာရုံစူးစိုက်ကြည့်နေပြီး လက်ဖဝါးက ဓါးတိုက လက်ချောင်းကြားထဲ ညှပ်ထားတယ် လူတယောက်က ဓါတ်လှေကားထဲကို ခေါင်းငုံ့ကြည့်လာချိန်မှာ ရုတ်တရက်တိုက်ခိုက်လိုက်တယ် ---ဓါးတိုလေးက လေတိုးသံနဲ့ အတူ ထိုလူထံကို ပျံသွားတယ် !

  မထင်မှတ်ထားတာက အဲ့ဒီလူက အလွယ်တကူရှောင်သွားနိုင်တယ် !

  " အားချိုး , ငါပါ ! "
  ဒီစကားနဲ့အတူ ထိုလူက ခေါင်းပြန်ထုတ်ပြီး ပြောလာတယ်
  " လောင်တက မင်းကို တွေ့ချင်နေတယ် ! "
* တရုတ်လို လောင်တသည် Bigboss ဖြစ်သည် *

  လျန်ဖုံးကေားစိတ်ထဲကနေ ရေရွတ်မိတယ် , လောင်တ ....ဘာဖြစ်လို့များ....

  " မြန်မြန်! ဒီနည်းလမ်းကို ငါမနည်းစဉ်းစားလို့ရမှ မင်းနဲ့ သီးသန့်တွေ့ရတာ ခဏနေ တွေ့သွားလို့ လောင်တ အပြစ်တင်လာရင် ဘယ်သူမှ တာဝန်မယူနိုင်ဘူး ! "
  ထိုလူ ပြောပြီး ကြိုးတချောင်း ပစ်ချလာတယ် ။

  သွားမလား ? မသွားဘူးလား ?
  လျန်ဖုံးကေား ကိုယ့်ပညာရပ်မြင့်တာယုံပြီး သတ္တိကောင်းတယ်လေ တခဏစဉ်းစားပြီး ခပ်မြန်မြန်ပဲ ကြိုးကိုဆွဲကာ ဓါတ်လှေကားရဲ့ နံရံကို အားပြုပြီး ထိုလူဆွဲတဲ့နောက်ကို လိုက်တက်သွားတယ် ။

  ဓါတ်လှေကားထိပ်ရဲ့ အဖုံးကို သေချာပြန်ပိတ်ပြီး ထိုလူက အရှေ့ကနေ လမ်းပြတယ် ပိုက်လမ်းကြောင်းအတိုင်း သွားနေပြီးနောက်တနေရာရောက်တဲ့အချိန်မှာ အချိန်ကိုက်ပဲ ဓါတ်လှေကားရပ်ထားတယ် နှစ်ယောက်သား ဝင်ပြီးတာနဲ့ ထိုလူ မြေအောက်ထပ် သုံးလွှာရဲ့ ခလုတ်ကို နှိပ်ပြီး နောက် ဓါတ်လှေကားရဲ့ အထပ်လွှာပြတဲ့ စကရင်ကို ကြည့်ရင်း ငိုင်နေတယ် ။

လူစားထိုးWhere stories live. Discover now