073

439 80 3
                                    

  026

      လျန်ဖုံးကေား ခွဲစိတ်ဒဏ်ရာကျက်တာနဲ့ စူးယီမော့က သူ့ကို ဆေးရုံက ခေါ်ဆင်းတော့တယ် ။

  ဒါပေါ့ ၊ လျန်ဖုံးကေား ဒဏ်ရာကုနေတဲ့ကာလအတွင်း ချိန်ရှီးလန်နဲ့ မီလော့ တို့လည်း သူ့ကို လာကြည့်တာပေါ့ နှစ်ယောက်လုံးကလည်း ဘယ်တဖက် ညာတဖက်နဲ့ သူ့ကို ဆုံးမကြတယ်လေ ၊ ပြီးတော့ အတိုင်အဖောက်ညီစွာနဲ့ တကယ်သိချင်တဲ့ သတင်းပါ လျန်ဖုံးကေား ပါးစပ်ထဲက  ရလိုက်တယ်လေ ။

  လျန်ဖုံးကေား လက်ခံထားတဲ့ အလုပ်က ကျင်ချိုးဟန်အဖြစ် သရုပ်ဆောင်ရတာ အလုပ်ကာလက တနှစ်ပါ ။ လျန်ဖုံးကေားလည်း သိတယ် ၊ ကျင်ချိုးဟန်က အပေါ်ယံကြည့်ရသလောက် မရိုးရှင်းဘူး သူနဲ့ လန်ခွန်း ပတ်သက်မှုကလည်း သာမန်ပတ်သက်မှုတော့ မဟုတ်လောက်ဘူး ။

  ဒီတချက်ကတော့ စူးယီမော့လည်း မသိတာမဟုတ်နိုင်ဘူး။

  ဒါပေမဲ့ နှစ်ယောက်လုံးက သိရှိတာကနေ ရင်းနှီးသွားတယ် ရင်းနှီးရာကနေ ချစ်ခင်သွားတယ်ဆိုတာကလည်း မေ့မရတဲ့ ပုံပြင်တွေလည်း ရှိလို့ပေါ့ ။

 နေ့စဉ်နေထိုင်ဖြတ်သန်းမှုတွေကနေ ကျင့်သားကျမှုဖြစ်လာပြီး တာဝန်တခုဖြစ်သွားတာလား မပြောတတ်ဘူး။

  ---အချစ်နဲ့ မဆိုင်ဘူး ။

  ဒါပေါ့ ၊ အချစ်ဟုတ်မဟုတ်က ကာယကံရှင်တွေကလွဲ၍ ဘေးကလူတွေ မသိနိုင်ဘူး ။

  စူးအိမ်ပြန်ရောက်တာနဲ့ လျန်ဖုံးကေားက ကိုယ့်ရဲ့ ဘူးအစုံပုလင်းအစုံ ယူထုတ်လာပြီး ကျင်ချိုးဟန်မျက်နှာတုတခုလုပ်ပြီး မျက်နှာပေါ် ကပ်ထားလေပြီ ။ ဒီကာလအတွင်း သူတာဝန်မကျေဘူးလေ ကုမ္ပဏီလည်း မသွားနိုင်တဲ့အပြင် ကျင်ချိုးဟန်လိုလည်း သရုပ်မဆောင်နိုင်ဘူး အမြဲတောင် ဆေးရုံတက်နေရပြီး အချိန်တွေမနည်းကုန်သွားတယ် ။

  မျက်နှာအတုကို ကပ်ပြီး မကြာခင်မှာပဲ လျန်ဖုန်းကေားနှာခေါင်းနဲ့ သေချာရှူကြည့်လိုက်တယ် ပြီးနောက် မျက်မှောင်ကြုတ်ကာ ရေရွတ်တယ်
  " ဘာအနံ့လဲ ဒီလောက်ဆိုးလိုက်တာ ! "

လူစားထိုးحيث تعيش القصص. اكتشف الآن