059

398 81 1
                                    


  012

      လန်ခွနိးက ရှိသမျှ CCTVကင်မရာဗီဒီယိုတွေကို ထုတ်ယူကြည့်လိုက်ပြီး  ဖန်သားမျက်နှာပြင်ကို မျက်လုံးမလွတ်တမ်းစိုက်ကြည့်နေခဲ့တယ် ထိုအမျိုးသားမျက်နှာဖုံးချွတ်ချတဲ့အချိန်ကို စောင့်ဖမ်းမိနိုင်လေပြီ။

  နူးညံ့သောသောမျက်လုံးမျက်ခုံး ၊ ခန့်ချောကာ ညို့ဓါတ်ပါသောမျက်နှာထား၊ အရာအားလုံးကို လူမထင်သလိုကြည့်တတ်တဲ့အကြည့် ပြီးတော့ ဖိချထားလို့မရအောင်ပေါ်နေတဲ့ ဝံ့ကြွားကျေနပ်ခြင်း ။
  လန်ခွန်းလက်ထဲကနေ ထို အချက်အလက်တွေ ယူနိုင်မှတော့ သူ ဝံ့ကြွားဖို့ အကြောင်းပြချက်ရှိပါတယ်လေ ။

 ဒါပေမဲ့ ထိုအပြုံးက လန်ခွန်းမျက်လုံးထဲမှာ အကြီးမားဆုံးလှောင်ပြောင်မှု ဖြစ်သွားပြီ ။

  သိပ်မရှင်းလင်းတဲ့ ရုပ်ပုံကို သေချာစိုက်ကြည့်ပြီး လန်ခွန်း လက်ချောင်းတွေကို တင်းတင်းဆုပ်မိလိုက်တယ် ---အန်းမု !

 အမှန်တော့ သူအစောကတည်းက စဉ်းစားမိသင့်တယ်လေ ထိုအချက်အလက် ပျောက်ဆုံးသွားရင် အကျိုးအမြတ်အရဆုံးက ဒီနေရာမှာ လက်ဝါးကြီးအုပ်လို့ရတဲ့ အန်းအိမ်ပဲလေ !

  မထင်ထားတာက အန်းပထမသခင်လေးကိုယ်တိုင် လုပ်ဆောင်မယ်ဆိုတာကိုပဲ ၊ ဒီလောက်ယုတ်ညံ့တဲ့ အကြံလည်း ထုတ်သုံးသေးတယ် !
  အရမ်းကောင်းတယ် ....မင်းက ငါ့နဲ့ ထပ်မတွေ့ချင်ဘူး ၊ ငါ့နားမှာတော့ မရဘူးလေ ။
  
    ငါတို့က ပြန်တွေ့ရုံတင်မကဘူး ၊ အမြန်ဆုံးပြန်တွေ့မှာမှာပါ !

  လန်ခွန်းက ထိုနေ့ရဲ့ CCTVဗီဒီယို အကုန်လုံးကို အိတ်ထဲထည့်လိုက်ပြီး ယူပြန်ကာ သေချာပြန်စစ်ဆေးတော့တယ် ။

  ပြီးနောက် ဂလဲ့စားလုပ်ရပ်ကို အစဉ်လိုက်လုပ်ဆောင်တော့တယ် ။

  ရုပ်ဖျက်တယ် ၊ ချဉ်းကပ်တယ် ၊ အကျဉ်းချတယ် ၊ ရယူတယ် ၊ နှိပ်စက်တယ် ၊ ကိုယ်ရဲ့ မူပိုင်သင်္ကေတတွေရိုက်နှိပ်တယ်.......

  မြေအောက်ခန်းထဲမှာ နွေးထွေးတဲ့ အသက်ရှိူက်သံတွေက နားဘေးမှာ ရှိနေသေးသလိုပဲ ၊ ပြီးတော့ အဆုံးထိတောင်းပန်နေသံ ၊
  " ငါ မင်းကို ထပ်ပြီး မထိရဲတော့ပါဘူး ....ငါ့ကို လွှတ်ပေးပါ ..."

လူစားထိုးWhere stories live. Discover now