092

408 82 7
                                    

   045

    အမှန်တော့ လျန်ဖုန်းကေားရဲ့ သတိထားတတ်မှုက အတော်ကောင်းနေပြီးပြီလေ ။
အထူးသဖြင့် အန်းမုက သူ့ကို သတိပေးပြီးနောက်ပေါ့ ။

 ပြီးတော့ ဒီနေ့ ရိုက်ကွင်းမှာ ခံစားမိတဲ့အကြည့်စူးစူးကလည်း သူ့ကို စိတ်မအေးစေဘူး ။

  တကယ်ပဲ တခုခုဖြစ်တော့မှာလား ?

  ဒါပေမဲ့ ကိုယ်အခု သတိထားကာကွယ်ထားရမဲ့သူက တယောက်ပဲရှိတယ် ၊ အဲ့ဒါ လန်ခွန်းပဲ ။ ဒါပေမဲ့ အန်းမုရဲ့ စကားအရဆို လန်ခွန်းက ကိုယ့်ကို ထိုနှစ်တွေက အန်းမုဆိုတာ သံသယဝင်ခဲ့မယ်ဆိုရင် သူက ကိုယ်ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး ....

  ဟူး၊ ခေါင်းတွေ ကိုက်လိုက်တာ !

  
   လျန်ဖုန်းကေားရဲ့စိတ်ရှုပ်ထွေးခြင်းက ကိုယ့်ကိုယ်ပေါ်က အထူးချုပ်ထားတဲ့ ကျည်ကာအင်္ကျီကို မြင်မှ ပြုံးမိသွားတော့တယ် ။

  ရောင်းရင်းတွေရှိတာ ကောင်းတယ်လေကွာ ဘယ်အချိန်ပဲဖြစ်ဖြစ် စိတ်ရှုပ်စရာတွေ ဖြေရှင်းပေးနိုင်တယ်။

 ---ချိန်ရှီးလန် သူ့ကို ဒီပစ္စည်းပေးတာက အဆတသောင်း သတိထားရတာထက်သာလွန်တယ်လေ !

 ဒါပေါ့ ၊ သူက ခေါင်းကို ပစ်ချတာတွေကိုတော့ သတိထည့်ထားရမှာပေါ့ ၊ ကျည်ကာအင်္ကျီက အစိတ်အပိုင်းတချို့ပဲကာပေးမှာလေ ၊ နှလုံး ဗိုက်တို့ကို ပစ်ရင်တော့ သူစိတ်ပူစရာ မရှိဘူးပေါ့ ။

  ကုမ္ပဏီရဲ့ ကိုယ်ပိုင်ရုံးခန်းထဲ ပြန်ရောက်ချိန်မှာတော့ လျန်ဖုန်းကေားက လူမရှိချိန် ဘေးဘီကိုကြည့်ပြီး ချိန်ရှီးလန်ကို ဖုန်းဆက်လေပြီ ။

  " အိုက်ယိုး ၊ အရူးလား ? မင်းက နှစ်တထောင်မှာ ဖုန်းတခါမှမဆက်ဖူးဘူး ၊ တကယ်ကို ရှားပါးလေး ရှားပါးလေး ! "
ချိန်ရှီးလန်ဟိုဖက်ကနေ စကားလုံးတွေလျှောက်သုံးကာ ပူညံပူညံပြောနေပုံက လျန်ဖုန်းကေားနားထဲမှာ အထူးရင်းနှီးနေမိတယ် ။

လူစားထိုးWhere stories live. Discover now