080

475 76 3
                                    

 
033

     စူးယီမော့ ကားပေါက်ကွဲသွားတာကို မြင်ပြီး လန့်ဖြန့်သွားကာ မျက်လုံးနှစ်ဘက်မှာနီရဲနေတော့တယ် ၊ ပါးစပ်အဟောင်းသားဖြင့် ထိုင်ခုံကနေတောင် ခုန်တက်သွားတော့မယ် !

  စူးဖခင်နဲ့ သက်တော်စောင့်တွေလည်း ဘရိတ်ကိုနင်းလိုက်ကာ ပေါက်ကွဲသွားတဲ့ ကားကို ထိတ်လန့်စွာဖြင့် မယုံနိုင်စွာ ကြည့်နေကြတယ် !

  စူးယီမော့ ခေါင်းတခုလုံး ထူပူသွားတယ် ၊ သူအခု အတွေးတခုပဲရှိတယ် လူလိမ်လေးဘေးကို သွားရမယ် !

  ကားခါးပတ်ကို တချက်တည်းဖြုတ်ကာ စူးယီမော့ ကားပေါ်ကခုန်ဆင်းပြီး အဲ့ဘက်ကို ပြေးတော့တယ် !

 စူးဖခင်လက်သွက်ခြေသွက်ဖြင့် သူ့ကို လှမ်းဆွဲကာ ပြန်ခေါ်လာတယ်
  " အားမော့ ! သား ဘာလုပ်တာလဲ ! "

  " သား လူလိမ်လေးကို သွားကယ်ရမယ် ! ဖေဖေ သားကိုလွှတ် ! "
စူးယီမော့ ရုန်းကန်နေကာ မျက်ရည်တွေကျနေပြီး ငိုသံဖြင့်
  " လူလိမ်လေး....."

  စူးဖခင်က သူ့ကို ချုပ်ထားပြီး ချော့ပြောတယ်
  " သား အခု သွားလို့မရဘူး ! အဲ့ဘက် အန္တရယ်များလွန်းတယ် ! "

  " daddy! ”
စူးယီမော့ အတင်းရုန်းကန်နေတယ် အဖေ့ကိုပါ ခြေကျောက်ကန်ရင်း
  " ဖေဖေ သားကိုအမြန်လွှတ် !အခု သူ့ကို ကယ်မယ်ဆို မှီသေးတယ် ! "

  ပြောနေရင်းကို ပေါက်ကွဲသံနှစ်သံ ဆင့်ထွက်လာပြီး ပေါက်ကွဲစတွေပင် သူတို့ဘက်စင်လာခဲ့ပြီး မီးပွှားတွေ မြင်လိုက်ရတယ် ။

    အကယ်၍ လျန်ဖုံးကေားက ကားထဲမှာဆို သူလည်း အစိတ်စိတ်အမွှာမွှာဖြစ်လောက်ပြီ....

  " မမှီတော့ဘူး ! "
   စူးဖခင် သားကို မလွှတ်ပေးနိုင်ဘူး ၊ အကယ်၍ ဒီဖြစ်စဉ်အတိုင်း ထိုလူတွေက ကားထဲက သေတဲ့သူက အားမော့လိုထင်သွားရင် နောက်ဆို အားမော့က အန္တရယ်မရှိတော့ဘူး ၊ ပြီးတော့ အားမော့ဆိုတဲ့ ကိုင်ကွက်မရှိတော့ရင် စီးပွားရေးမှာ ၊ အမှောင်လမ်းမှာ လျှောက်ရတဲ့ခြေလှမ်းတွေက စူးအိမ်အတွက် ပြဿနာအတော်နည်းသွားလိမ့်မယ် ။

လူစားထိုးWhere stories live. Discover now