039

402 78 0
                                    

  039
       စူးယီမော့မျက်နှာအနီးကို ရောက်လာတဲ့ လျန်ဖုံးကေားရဲ့မျက်နှာကြောင့် အသက်ရှုခြင်းရဲ့ လေရိုက်ချက်တွေက သက်ရောက်နေတယ် ၊ စူးယီမော့က ဆိုမာအမှီပေါ်မှာ စောင်း၍ မှီထိုင်ထားတာမို့ အခု အရပ်အမြင့်ကို အသာစီးရသူက လျန်ဖုန်းကေား ဖြစ်သွားပြန်တယ် ။
  
     လျန်ဖုန်းကေားက စကားကို မသိသာသော ‌ရန်စခြင်းနှင့် အန္တရယ်တို့ပါဝင်အောင် ပြောလိုက်သော စကားကို စူးယီမော့ကြားတဲ့အချိန် နှုတ်ခမ်းထောင့်က ကွေးသွားပြီး
   " ဒီလိုဆို အကောင်းဆုံးပေါ့ ၊ ငါ မင်းကို လက်ခံထားခိုင်းတဲ့ အရေးကြီးဆုံးအပ်နှံမှုတချက်က လူအများရှေ့မှာ ချစ်,ခင်,ပြဖို့ပဲလေ ! အကယ်၍ မင်း မကျွမ်းကျင်ရင် ငါလည်း မင်းကို မငှားရမ်းတော့ဘူး "

  လျန်ဖုန်းကော သဘောပေါက်သွားသော်လည်း ပြန်လှောင်လေတယ်
  " မင်းကိုယ်တိုင်က ငါ့ကို ချစ်မိသွားမှာ မကြောက်ဘူးလား ? "

  "  မင်းမေ့ပြီလား ? ငါတို့ ချစ်ခင်ကြတဲ့အချိန် မင်းက မင်းမဟုတ်တော့ဘူး သူလေ ။ ငါက သူနဲ့တွေ့ရင် ချစ်တာပေါ့ ၊ဒါပေမဲ့ သူက သူလေ မင်းနဲ့ ပတ်သက်မှုမရှိဘူး ၊မင်းရဲ့ အရိပ် တစက်မှမရှိလာနိုင်ဘူး ။ ဒါ့ကြောင့် မင်းက ကိုယ်ကိုယ်သာ စိတ်ပူပါ ။ အဲ့အချိန်ရောက်မှ မင်း ဇာတ်ကောင်ထဲဝင်ပြီး ထွက်မလာနိုင်ပဲ  စိတ်ရောကိုယ်ပါ ငါ့ကိုချစ်မိနေမယ် "

  တူညီတဲ့စကားကို လျန်ဖုံးကေား အပ်နှံတဲ့အလုပ်ကို လက်ခံလိုက်တဲ့ သုံးရက်မြောက်ကတည်းက ပြောခဲ့ပြီးပြီ ဒါပေမဲ့ အဲ့အချိန်တုန်းက စိတ်အနေအထားနဲ့ အခုစိတ်အနေအထားက မတူနေတော့ဘူး ။

  အဲ့အချိန်တုန်းက ....ကိုယ့်ကို အမွှန်းတင်ပြီး နောက်ပြောင်တာနဲ့တူတယ် ၊ အခုတော့ နည်းနည်း ပိုပြီး ဂရုထားမိ နေသလိုပဲ ။

  အလွန်ဆွဲငင်အားကောင်းသူတဦးသည် သူ့အပေါ်ကို အကြိမ်ကြိမ်အခါအခါ စိတ်မဝင်စားဘူးလို့ ပြောခံရရင် သူက gayမဟုတ်တောင် နည်းနည်းတော့ မာနတော့ ထိခိုက်တာပေါ့ ။

 " ဘယ်သူက ဘယ်သူ့ကို ချစ်မိမလဲ ဆိုတာ မသေချာဘူး "
လျန်ဖုန်းကေားက ဒီစကားကို ပစ်ချပြီး အပေါ်ထပ်ကို တက်သွားလေပြီ ။

လူစားထိုးWhere stories live. Discover now