069

410 76 2
                                    

  022

      အမှန်တော့ စူးယီမော့ ဒီလိုစီစဉ်တာကောင်းတယ် နှမြောစရာက အသုံးမဝင်လိုက်ဘူး ။
  
     ခွဲစိတ်ခန်း ဝင်တာ နှစ်နာရီကြာတာဆိုတော့ အကယ်၍ လန်ခွန်းက သူတို့ကိုရှာချင်ရင် အစောကတည်းက လာနေပြီလေ ။ မလာဘူးဆိုတာက သူက ပိုအရေးကြီးတဲ့ သူနဲ့ တွေ့သွားလို့ပဲ ---အန်းမု !
  
     လန်ခွန်းကားမောင်းပြီး အနီးဆုံးဆေးရုံကို သွားတဲ့အချိန် ၊ အန်းမု မောင်းနေတဲ့ကားနဲ့ ဘေးချင်းကပ် မျက်နှာချင်းဆိုင် ဖြတ်သွားတယ်လေ ။
  ဒီအချိန်မှာပဲ ‌အန်းမုနောက်မှာ ကပ်ပါသွားတဲ့ တစီးကလည်း သူ့ဘေးက ထပ်ဖြတ်သွားတယ်လေ ။

  လန်ခွန်းရဲ့အကြည့်က ဒီကားနှစ်စီးနောက်ပါသွားပြီး ခဏလောက်တွေဝေကာ ကားက ဟိုဘက်လမ်းကို ကူးလို့ရတဲ့ အကွေ့ကို တွေ့တာနဲ့ စတီယာတိုင်ကို ဆွဲဝေ့ပြီး ကွေ့လိုက်တယ် ကားက ဒရစ်ပါဆွဲပြီး ချော်သွားသေးတယ်၊ ဘရိတ်တချက်နင်းပြီးမှ တဘက်ကားလမ်းပေါ်ရောက်သွားတယ် ။

  အန်းမုက party တခုကို သွားတက်ရောက်တာလေ။

  
   အန်းအိမ်က Aမြို့မှာ နာမည်ရှိတဲ့ အိမ်ထောင်စုပဲလေ ၊ အင်း ၊ သူတို့ နာမည်ပိုရှိတာက အမေရိကားနဲ့ တခြားနိုင်ငံမှာ ဖြန့်ကျက်ထားတဲ့ စီးပွားရေးတွေလေ ။

 ဒါပေမဲ့ စီးပွားရေးသမားတွေရဲ့ အလုပ်လုပ်ပုံက အဲ့လိုတွေပဲလေ ၊ မျက်နှာမပျက်ရတဲ့ အနေအထားမှာ ဖောက်သည်တွေ ရှာပြီး ကိုယ့်ရဲ့ အကျိုးအမြတ်ကို အမြင့်ဆုံးရရှိစေရမယ် ။

  အန်းမုက အန်းအိမ်က ပထမသခင်လေးဖြစ်တယ် ပြီးတော့ အန်းသခင်ကြီး ဆုံးခါနီးမှာလည်း လက်ညိုးထိုးခဲ့တဲ့ဆက်ခံသူဖြစ်တယ် ၊ ဒါ့ကြောင့် ဒီလိုparty ပွဲတွေရှိတိုင်း  ဖိတ်စာတွေ အထပ်လိုက်ရတတ်တယ် ။ အထူးသဖြင့် အရှေ့က သတင်းသမားခေါ်ယူတွေ့ဆုံပွဲမှာ အန်းချန်က အပြုံးဖြင့် ပြောဖူးတယ်လေ အန်းအိမ်က နိုင်ငံတကာရဲ့ စီးပွားရေးမှာ အနေအထားတခုရောက်ရှိပြီဖြစ်‌တာကြောင့် အခု ပြည်တွင်းသို့ ခြေချဖို့ ကြိုးစားပါမယ် ပြည်တွင်းက ရှယ်ယာရှင်များထောက်ပံ့ပေးကြပါ မျှော်လင့်......

လူစားထိုးWhere stories live. Discover now