099

490 89 13
                                    


  052

      လန်ခွန်း ?! သူက ဘာလို့ ဒီမှာရှိနေတာလဲ ?!

 စူးယီမော့ လူနာခန်းထဲက လန်ခွန်းကိုကြည့်ပြီး အကြည့်တွေက ဝေခွဲရခက်နေတယ် ။

  လန်ခွန်းက လျန်ဖုံးကေားကုတင်ဘေးမှာ ခြေတဖဝါးမှ မခွာပဲ စောင့်နေပြီး ခွဲစိတ်ခန်းထဲထိ ခွဲစိတ်ခန်းဝတ်စုံကိုဝတ်ကာ လိုက်ဝင်သွားတယ် ၊ ရင်ထဲကလူကို မနည်းရှာတွေ့ထားတာ သူ့ကို ဘယ်လုပ်ပျောက်လို့ရမလဲ !

  လျန်ဖုံးကေားရဲ့ အခြေအနေက မဟန်သေးတာမို့ လန်ခွန်းမျက်နှာကလည်း သိပ်မကောင်းနေဘူး ။ စိတ်ထဲမှာ နောင်တ‌တွေရနေတယ် ဒီလိုဖြစ်မယ်မှန်းသိရင် အဆိတ်ခတ်တဲ့နည်းလမ်းကို မရွေးပါဘူးလေ ။

  ပြောရရင် လျန်ဖုံးကေားက 'အ'လွန်းတယ်

  လန်ခွန်းစိတ်ထဲကနေ သက်ပြင်းချမိကာ တန်ဖိုးထားစွာ ဖြင့် လျန်ဖုံးကေားရဲ့ ချောခန့်လှသော မျက်နှာကို အသာထိတွေ့နေတယ် ။

  ---ဖုန်းကေား ၊ မင်းငါ့ကို လှည့်စားတာများနေပြီ ၊ ဒီတခါတော့ ငါ ဘာကြောင့်မှ လက်မလွှတ်တော့ဘူး ။

  ---ဖုန်းကေား ၊ မြန်မြန်ကောင်းလာပါတော့ နောက်ကို မင်း ဘာထိခိုက်မှုမှ မရှိစေရဘူး ငါ မင်းကိုကောင်းကောင်းစောင့်ရှောက်မယ် ၊ မင်းကို ကောင်းကောင်း ကြင်နာမယ် ၊ ချစ်မယ် .....

  အခု လန်ခွန်းရဲ့မျက်နှာက ဆုံးရှုံးတဲ့အရာကို ပြန်ရလိုက်တဲ့ ပျော်ရွှင်မှုနဲ့ သတိထားပြီး ဂရုစိုက်နေတာတွေပါပါနေတယ် ၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မျက်လုံးထဲက ကြင်နာရိပ်တွေကတော့ ဖုံးကွယ်လို့မရနေဘူး ။

  သူ လျန်ဖုံးကေားရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကို စိုက်ကြည့်ရင်း ကိုယ်ကိုကိုင်းမိကာ လျန်ဖုံးကေားရဲ့ နှုတ်ခမ်းပေါ် အနမ်းလေးတင်မိလိုက်တယ် ၊ မျက်လုံးမှာလည်း နွေးထွေးခြင်းနဲ့ အပြုံးတွေ ပေါ်ထွက်လာခဲ့တယ် ။

  ဖုံးကေား ...ငါ မင်းကို ....ထိတွေ့ခွင့်ရပြီပဲ ....

  စူးယီမော့က မှန်ပြတင်း အပြင်ကနေ လန်ခွန်းက အတားအဆီးမရှိသလို လျန်ဖုံးကေားကို နမ်းနေတာကို မြင်ရတော့ စိတ်ထဲမှာ မီးတောက်တွေ ပွင့်လာပြီး အသက်ရှူရတာလည်း မြန်လာတယ် ၊ သူ့အပိုင်ပစ္စည်းကို သူများကထိတွေ့သွားသလို ၊ အဆင်မပြေနေဘူး ! မကျေနပ်ဘူး ! ဆွဲထိုးလိုက်ချင်တယ် !

လူစားထိုးWhere stories live. Discover now