074

438 86 7
                                    


  027

      လျန်ဖုံးကေားက ဘာလို့ ဒီလို လူစားထိုးလို အန္တရယ်မြင့်မားတဲ့အလုပ်ကို လုပ်ရတာလဲလို့  စူးယီမော့က စိတ်ထဲကတွေးတောနေတာမို့ စိတ်နဲ့ ကိုယ်နဲ့မကပ်သလို အသံတိတ်လို့နေတယ်၊ လျန်ဖုံးကေားလည်း စူးယီမော့ထံက အတော်ကြာ အသံမကြားတာမို့ တချက်လှည့်ကြည့်လိုက်ရာ စူးယီမော့က တံခါးမှာမှီပြီး အတွေးတွေ လွှင့်နေတာ တွေ့လိုက်တယ်လေ ၊ ဘာ‌တွေစဉ်းစားနေမှန်းမသိဘူး ။
  ဒါပေမဲ့ ၊ သူတောင်းပန်နေပြီ ဆိုတော့ ကိုယ်လည်း အမှတ်သည်းခြေကြီးပြနေလို့ မရဘူးမလား ။

  ဒါနဲ့ပဲ ပါးစပ်ဟကာ တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်တယ်
  " ဒါဆိုနောက်ကျရင် အိမ်မှာပဲ စားပါ "

 " ကောင်းပြီ "
စူးယီမော့ ကန့်ကွက်စရာအကြောင်းမရှိ ။

  ဒီတနပ်ကတော့ လျန်ဖုံးကေားချက်တာပဲလေ ဆေးရုံက ဆင်းစမို့ အစာပျော့ပျော့သာ ချက်ထားတယ် ၊ ဒါပေမဲ့ သူ တခြား‌ဟင်းတွေလည်း အထူးထပ်ချက်သေးတာမို့ အမယ်စုံသော ထမင်းဝိုင်းတော့ ဖြစ်လို့နေတယ် ။

  နှစ်ယောက်သား ထမင်းဝိုင်းမှာ ဝင်ထိုင်လိုက်ပြီး လျန်ဖုံးကေားက ဆေးထားတဲ့ တူနှစ်စုံထဲက တစ်စုံကို စူးယီမော့ကို ပေးလိုက်ရင် မေးတယ်
  " အားကျို သူတို့ကော အတူ မစားဘူးလား ? "

  " အင်း ၊ သူတို့ အိမ်ပြန်စားလိမ့်မယ် "

  " အော် "
   လျန်ဖုံးကေားက ကိုယ့်နဲ့မတည့်တဲ့ ဟင်းကို တွန်းပေးလိုက်ပြီး
  " ရော့ ၊ ငါ့လက်ရာမြည်းကြည့်ပါ ! "

  စူးယီမော့ က အေးအေးဆေးဆေးပဲ ၊ တူနဲ့ညှပ်ပြီး ပါးစပ်ထဲ ထည့်စားလိုက်ကာ ဝါးလိုက်ပြီး နှုတ်‌ခမ်းလေးကွေးသွားတယ်
  " မင်း မတတ်တာ ဘာရှိသေးလဲ ? "

  လျန်ဖုံးကေား ခေါင်းလေးစောင်းပြီး နားမလည်ကြောင်းပြတယ် ။

 စူးယီမော့ ပါးစပ်ထဲကဟင်းကို မျိုချပြီး
" အတတ်စုံတတ်တာ၊ အခုလည်း တမျိုးထပ်တိုးတော့ ငါလည်း သိချင်တယ် မင်း မတတ်ဘာများရှိမလဲလို့ "

လူစားထိုးWhere stories live. Discover now