042

382 74 0
                                    

  042
      
      လန်ခွန်းရဲ့ ဓါတ်ပုံတွေ တပုံပြီးတပုံ မျက်စိရှေ့ရောက်လာပြီ --နေကာမျက်မှန်တပ်ထားပြီး ခန့်မှန်းရခက်တဲ့ပုံ ၊ သေနတ်ကိုင်ပြီး ခပ်ကြမ်းကြမ်းပစ်နေတဲ့ပုံ ၊ လူကိုနင်းထားပြီး ခပ်မော့မော့ပုံနဲ့ ....
  
    " ဟေ့ , နေအုံး ! "
ချိန်ရှီးလန် မျက်လုံးလက်ကနဲဖြစ်သွားကာ မီလော့ ကွန်ပျုတာစကရင်ကို ဆွဲတင်တော့မှာကို တားလိုက်တယ် ပြီးနောက် လန်ခွန်းရင်ခွင်ထဲမှာ အမျိုးသားတဦးကိုပိုက်ထားတဲ့ ဓါတ်ပုံတပုံကို လက်ညိုးထိုးပြလိုက်တယ်
  " ဒီလူကို မရင်းနှီးနေဘူးလား ? "

  မီလော့ရဲ့ ဦးနှောက်ထဲမှာ တချက်လောက်စဥ်းစားရှာဖွေလိုက်ပြီး နှုတ်ခမ်းနီနီလေးက လူပ်ရှားလာတယ်
  " အခု နာမည်ကြီးနေတဲ့ Superstar ကျင်ချိုးဟန် ! " 

  " ပြီးတော့ ဒီလူ ! "
ချိန်ရှီးလန်က အောက်ဆုံးဘက်က ဓါတ်ပုံတပုံကို ညွှန်ပြတယ် ၊ လန်ခွန်းနဲ့ လူတယောက် ညစာစားနေတဲ့ ပုံဖြစ်တယ် ။

  မီလော့က ဓါတ်ပုံကို ချဲ့ကြည့်လိုက်တော့ လျှင်မြန်စွာပဲ ကောက်ချက်ချလို့ရလိုက်တယ်
  " အန်းအိမ်က ပထမသခင်လေး ! အမေရိကားမှာ လွှမ်းမိုးနိုင်မှုအတော်ရှိတဲ့ အန်းအိမ် ! ပထမသခင်လေး ! "
  " ဝေ့!ဝေ့ , လွန်ခဲ့တဲ့နှစ်နှစ်က ဖုန်းကေားက အမေရိကားမှာမလား ? အဲ့တခေါက်တုန်းက သူ ဒဏ်ရာတွေဗလပွဖြစ်ခဲ့တာနော် ! "
ချိန်ရှီးလန် စိတ်ထဲနေ မကောင်းတာတွေတွေးမိသွားပြီး
  " စွန်ရဲလိုက်အဖွဲ့အစည်း....အန်းအိမ်...ဒီလူ ဘာရှုပ်ရှုပ်ရှက်ရှက်အလုပ်တွေ လက်ခံထားတာလဲ ! "

  မီလော့ က အချက်အလက်တွေ ဖျောက်ဖျက်လိုက်ပြီး ကိုယ့်ရဲ့ ကွန်ပျုတာကို တချက်ပြန်စစ်လိုက်တယ် ၊ ကွန်ပျုတာရဲ့ အချက်အလက်လုံခြုံရေး ပြဿနာမရှိခြင်း ၊သူတပါးရဲ့ ပြန်နောက်ယောင်ခံခြင်းတို့မရှိတာသေချာမှ စက်ပိတ်လိုက်ပြီး လက်ပိုက်ကာ ဘားကောင်တာကိုမှီပြီး မျက်မှောင်ကြုတ်ထားတယ်
  " ဘယ်လိုလုပ်မလဲ ? မင်းပြောတော့အခု သူလက်ခံတဲ့ အလုပ်က ဟိုနှစ်ယောက်နဲ့ ပတ်သက်မှုရှိနိုင်မလား ?."

လူစားထိုးWhere stories live. Discover now