051

383 76 4
                                    

 

  004
  
      စူးယီမော့က အတော်အေးစက်စွာရယ်ကာ
"'မင်းထက်တော့ ပိုနားလည်တယ် ! "

  " အော် ! ဟုတ်လား ?."
လျန်ဖုံးကေားက စူးယီမော့နားရွက်ဘေးနားကပ်ကာ တီးတိုးပြောဆိုတယ်
  " ဒါဆို သူက အရင်က အဖွဲ့အစည်းနဲ့ အမျှင်မပြတ်တာလည်း မင်းသိမှာပေါ့ ? "

  " မင်း ဘာလျှောက်ပြောနေတာလဲ ! "
စူးယီမော့ မျက်နှာထားကြည့်ရခက်သွားတယ် လျန်ဖုံးကေားကို တွန်းထုတ်ပြီး ကားဘက်ကို သွားလိုက်တယ် သွားရင်း ကားတံခါးဖွင့်ခလုတ်ကို တီးခနဲနှိပ်ကာ ကားတံခါးဖွင့်လိုက်တယ် ။

  လျန်ဖုံးကေားက သူ့နောက်မှာ ခေါင်းခါမိတယ် စူးယီမော့မယုံမှာ သိသားပဲ !

  ထားလိုက်တော့ ကူညီတော့လည်း အဆုံးထိကူညီရမှာပေါ့ ။ ဒီအလုပ်ကို လက်ခံထားမှတော့ အမှန်ပေါ်ပေါက်အောင် လုပ်ပေးရမှာပေါ့ ။

  လန်ခွန်းက သွားခါနီး ဘာညီမဆိုလား ပြောသွားတယ် ၊ ဒါဆိုရင်တော့ ကျင်ချိုးဟန်ကလည်း အကျပ်ကိုင်ခံရတာဖြစ်နိုင်တာပဲ ။

  စူးယီမော့က ကားတံခါးကို ဖွင့်လိုက်ပြီးတာနဲ့ အပြုံးပါးပါးမျက်နှာထားကို ခံစားချက်မပါစွာဖြင့် ပြောတယ်
  " ကားပေါ်တက် ! "

  လျန်ဖုန်းကေားက ပြုံးစိစိမျက်နှာနဲ့ပဲ
  " ဟုတ် ~ "

  တလမ်းလုံး ဘာစကားမှမပြောဖြစ်ကြပေ ။

  စူးယီမော့က ရေခဲတောင်လို ပုံစံနဲ့ တိတ်ဆိတ်စွာ ကားမောင်းနေတယ် လျန်ဖုံးကေားက အနောက်ထိုင်ခုံမှာ ခွေရင်းခွေရင်း အိပ်ပျော်သွားတယ် ။နိုးလာတဲ့ အချိန်မှာက အိမ်ပြန်ရောက်နေပြီ ။

 " ဝှါးးး "
    လျန်ဖုံးကေား တချက်လောက်သန်းဝေလိုက်ပြီး မတ်မတ်ထိုင်လိုက်ပြီး အိပ်စုံမှုံမွှားနဲ့ ကားတံခါးကို ဖွင့်ပြီး ဧည့်ခန်းထဲ ဝင်သွားတယ် ။

  စူးယီမော့လည်း ကားကိုရပ်ပြီးတာနဲ့ အမြန်လိုက်ဝင်လာတယ် ။
  
   လျန်ဖုန်းကေားအခန်းထဲဝင်တာနဲ့ကို စူးယီးမော့က အင်္ကျီလည်ပင်းကနေ အဆွဲခံရပြီး နံရံနားထိ အတွန်းခံလိုက်ရတယ်
  " ငါ သတိပေးထားမယ် ! ချိုးဟန် အကြောင်း မဟုတ်မမှန်တာတွေမပြောနဲ့ ၊ အရင်ကိစ္စတွေလည်း ဝင်မပါနဲ့ ! "

လူစားထိုးWhere stories live. Discover now