072

469 87 11
                                    


  025

       ဒီ အလယ်အလတ်စားသောက်ဆိုင်ထဲက ပတ်ဝန်းကျင်ကလည်း သခင်လေးစူးကို စိတ်မချနိုင်နေဘူး သူအတော်ကြာချင့်ချိန်ပြီးမှ လှည့်ထွက်လာခဲ့ကာ ကိုယ့်အိမ်က အိမ်တော်ထိန်းကို ဖုန်းဆက်လိုက်တယ်
  " အားကျို ၊ ငါ့အတွက် စားစရာတချို့ဝယ်ပေး ...သန့်ရှင်းရမယ်..."
  
    လျန်ဖုံးကေားစားချင်တဲ့ အစားတွေကို တခေါက်ပြောပြလိုက်ပြီးမှ စူးယီမော့က ဖုန်းချလိုက်တယ် ။

  အားကျို စားစရာတွေ လာမပို့သေးခင်မှာလည်း စူးယီမော့ အအားမနေဘူး နောက်ကျရင် စားစရာကို ဖြေရှင်းဖို့ နည်းလမ်းကို မျက်မှောင်ကြုတ်ကာစဉ်းစားနေတယ် ။

 --- ပြောရရင် ကိုယ်တိုင် လုပ်တာက စိတ်အချရဆုံး။
 ---ဒါမှမဟုတ် လျန်ဖုံးကေားကို ဆေးရုံပြောင်းရမယ် ။

  ဒါပေမဲ့ သူ ခွဲစိတ်တာအောင်မြင်တာဆိုတော့ ဆေးရုံပြောင်းဖို့တော့ မလိုဘူး ၊ အရေးကြီးတာက ကောင်းကောင်းအနားယူဖို ....

 ဒါမှမဟုတ် ....ဆေးရုံကဆင်းပြီး အိမ်ပြန်ပြီး နားလို့ရတယ် ....ပြီးရင် ....အိမ်က လုပ်တဲ့ အစားအစာ စားလို့ရ ....

  အကြံ‌ရတာနဲ့ စူးယီမော့ မျက်မှောင်တွေ ပြေလာပြီး  နှုတ်ခမ်းထောင့်က ကွေးကာ ရင်ပေါ့သွားတဲ့အပြုံးပေါ်လာတယ် ။

  ခဏထပ်စောင့်လိုက်တော့ အိမ်မှာ အလွတ်ထားထားတဲ့ ကားကို အားကျို မောင်းပြီးရောက်လာခဲ့တယ် , ကားတံခါးဖွင့်လိုက်ပြီး အထုတ်ကြီး အထုတ်ငယ်နဲ့ ဆင်းလာခဲ့တဲ့ အားကျို သခင်လေးက ရပ်ပြီးစောင့်နေတာတွေ့တော့ ကြောင်သွားကာ ရေရွတ်လိုက်မိတယ်
  : သခင်လေး ဘာလို့ ဒီလိုဝတ်ထားတာလဲ ? ဒါပေမဲ့ကြည့်ရတာတော့ ရင်းနှီးဖို့ကောင်းတဲ့ပုံပဲ ။

  “သခင်လေး ! "
အားကျိုးက စားစရာဘူးတွေ တပုံကြီးနဲ့ ပြေးလာပြီး အမောတကော ပြောရှာတယ်
   " သခင်လေး ၊ မှာထားတာစုံပါပြီ , ကြယ်ငါးပွင့်ရ စားဖိုမှူးကိုယ်တိုင်ချက်တာ ကျွန်တော်ကိုယ်တိုင်ဘေးက စောင့်ကြည့်ထားတာပါ ၊ ဟင်းချက်ဖွယ်ရာတွေကအစ လတ်လတ်ဆတ်ဆတ်ပဲ၊လုံးဝ သန့်ရှင်းတယ် ! "

လူစားထိုးWhere stories live. Discover now