105

539 88 3
                                    


 

  058

     ဒီလိုလေသံ ဒီလိုစကားကြားတာနဲ့ စူးယီမော့ အရင်ဆုံး မျက်နှာကြောတွေ ပြေသွားတယ် ---ချိန်ရှီးလန် စိတ်တိုတိုနဲ့ သူ့ရှေ့လာပြီး လက်သီးနဲ့ လာထိုးတုန်းက လည်း ဒီလေသံပဲလေ ၊ မိုးမမြင်လေမမြင် ဆောင့်ကြွားကြွားနဲ့ ၊ အားတော့ မပြင်းပေမဲ့ အပြောကတော့ ပြင်းတယ် ။

  လျန်ဖုံးကေားနဲ့ ချိန်ရှီးလန်တို့လည်း သိနေတဲ့သူတွေဆိုတော့ ၊ အဲ့ဒါဆို ....သူတို့ရဲ့ ဆရာဖြစ်နိုင်တာပေါ့ ?

  " ရပြီ ၊ အခန်းထဲအရင်ဝင်ကြမယ် "
   လျန်ဖုံးကေားက အပေါ့ဆုံး ခရီးဆောင်အိတ်ကို ဆွဲလိုက်တယ် ဘီးပါတယ်လေ ၊ သူအားသုံးစရာ မလိုဘူး ။

  တကယ်ပဲ ဆရာက ရူးလာရင် တကယ်ဆိုးတာ ၊ ဒီပစ္စည်းတွေက အားရှီးနဲ့ လော့လော့နား ပို့ထားရင်ရတယ်မလား ? ဒီအတိုင်း ဆေးရုံကို သယ်လာခဲ့တယ် ။

  ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့လည်း စေတနာတွေလေ သူက ကိုယ့်ကို မြင်စေချင်လို့ အလုပ်ရှုပ်ခံပြီး ယူလာတာဆိုပြီး စိတ်လျော့လိုက်တယ် ။

  သူတို့ ဒီfamily က ချစ်ကြောင်းပြပုံ တမူထူးကြတယ်လေ ။

  အရိပ်မဲ့က သူ့ဝယ်လာတဲ့ အနှိပ်စက်ကုတင်ကို ဆွဲကာ ပန်းချီကားတထပ်ကြီးကို ပွေ့ပြီး စူးယီးမော့နဲ့ လန်ခွန်းကို တချက်ကြည့်လိုက်တယ် ၊ ဒီနှစ်ယောက်ကို ပစ္စည်းသယ်ခိုင်းမလို့ရှိသေး၊ ချိန်ရှီးလန်နဲ့ မီလော့တို့နှစ်ယောက် တံခါးစောင့်နတ်လို ဘယ်ညာရပ်နေတာတွေ့တော့ အကောင်းမဟုတ်တဲ့ ထိုအမျိုးသားနှစ်ယောက်ကို နှင်တော့တယ်
   " ငါတို့ မိသားစု ဆုံစည်းပွဲမှာ အပြင်လူတွေ မကြိုဆိုဘူး ၊ နှစ်ယောက် ကြွပါ ! "

  လျန်ဖုံးကေားက တမင်လုပ်တာပဲလား မသိဘူး ၊ ဒီနှစ်ယောက် အနှင်ထုတ်ခံရချိန်မှာ တံခါးဝနားရောက်ချိန်မို့ ဒီစကားကို သူသေချာ ကြားရတယ်လေ ဒါကို ဘာမှ မပြောပဲ အခန်းထဲ ဝင်သွားလေတယ် ။

လူစားထိုးWhere stories live. Discover now